DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်
DVB
·
April 1, 2017
သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်
Donate to DVB

သမ္မတ ဦးထင်ကျော်ဟာ တရုတ်သမ္မတရဲ့ဖိတ်ကြားချက်အရ ဧပြီ  ၆ ရက်ကနေ ၁၁ ရက်အထိ တရုတ်နိုင်ငံကို လာရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်ပြောရေးဆိုခွင့်ရှိသူ လူကန်က မနေ့က ဘေကျင်းမှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ဦးထင်ကျော်ရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင် အပါအ၀င် တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့လည်း ပြောခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်ဖက် အကျိုးအမြတ်ရှိမယ့် အခြားကဏ္ဍတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖလှယ်ကြမယ်လို့လည်း ဆိုပါတယ်။

သမ္မတဦးထင်ကျော်ဟာ  ဘေကျင်းမြို့အပြင်  တရုတ်နိုင်ငံအတွင်း အခြားမြို့တွေကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာအစိုးရအသစ်ဖွဲ့ပြီးနောက် တရုတ်နိုင်ငံကို မြန်မာနိုင်ငံတော်အကြီးအကဲရဲ့ ပထမဦးဆုံး ခရီးစဉ်လို့လည်း သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာသမ္မတရဲ့ တရုတ်ခရီးစဉ်ကနေ နှစ်နိုင်ငံလူထုတွေ ပိုမိုအကျိုးဖြစ်ထွန်းဖို့နဲ့  တရုတ်-မြန်မာဆက်ဆံရေး ပိုမိုတိုးတက်ဖြစ်ပေါ်စေဖို့၊  နှစ်နိုင်ငံကြား ပြည်သူချင်းဆက်ဆံရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေးနည်းဗျူဟာတွေ တိုးမြှင့်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း တရုတ်နိုင်ငံဖက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013