DVB Logo
Home
မြန်မာသတင်း
ထား​ဝယ်​ရေနက်ဆိပ်ကမ်း​အတွက် ညှိနှိုင်း​ရန် အီတာလီလျံထိုင်း​ မြန်မာပြည် သွား
DVB
·
January 12, 2012
Donate to DVB

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​မှာ အီတာလျံထိုင်း​ ကုမ္ပဏီရဲ့​ ၄၀၀၀ မဂ္ဂါဝပ် ​ကျောက်မီး​သွေး​ အပူဓာတ်အား​သုံး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ စီမံကိန်း​ကို မြန်မာအစိုး​ရက ရပ်ဆိုင်း​တဲ့​အ​ပေါ် အီတာလျံထိုင်း​ ကုမ္ပဏီက ညှိနှိုင်း​ဖို့​ မြန်မာပြည်ကို ​ရောက်ရှိ​နေပါတယ်။

[caption id="attachment_17737" align="alignright" width="300" caption="ရင်းမြစ် - အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ"][/caption]

ထိုင်း​နိုင်ငံ အီတာလျံထိုင်း​ ကုမ္ပဏီရုံး​ကို ​မေး​မြန်း​ရာမှာ အုပ်ချုပ်​ရေး​ဒါရိုက်တာ မစ္စတာ စုံကျက် မြန်မာပြည်ကို တာဝန်ရှိသူနဲ့​ ညှိနှိုင်း​ဖို့​ ဒီက​နေ့​ သွား​ရောက်​နေတဲ့​အတွက် အ​သေး​စိတ် မ​ပြောနိုင်ဘဲ တနင်္ဂ​နွေ​နေ့​ ပြန်​ရောက်မှသာ သိနိုင်မယ်လို့​ ကုမ္ပဏီ ဆက်သွယ်​ရေး​အရာရှိ တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

မြန်မာအစိုး​ရရဲ့​ ဒီ​ကြေညာချက်ဟာ ​လောင်စာရဖို့​ ညှိနှိုင်း​ကြရဖို့​ ရှိတယ်လို့​သာ အဓိပ္ပာယ်ရတယ်လို့​ မစ္စတာစုံကျက်က မြန်မာပြည်မသွား​ခင်မှာ မီဒီယာ​တွေကို ​ပြောသွား​ပါတယ်။

တကယ်လို့​ ​ကျောက်မီး​သွေး​ကို သုံး​ခွင့်​မရ​တော့​ဘူး​ဆိုရင် စက်မှုဇုန်အတွက် မရှိမဖြစ် လိုအပ်​နေတဲ့​ လျှပ်စစ်ဓာတ်အား​ ထုတ်လုပ်​ရေး​အတွက် အိန္ဒိယသမုဒ္ဒရာထဲက သဘာဝဓာတ်​ငွေ့​ကို အစား​ထိုး​အသုံး​ချဖို့​ စဉ်း​စား​ထား​တယ်လို့​ အီတာလျံထိုင်း​ ထား​ဝယ်စီမံကိန်း​ အုပ်ချုပ်​ရေး​ဒါရိုက်တာ မစ္စတာစုံကျက် သိနဖုန်း​က မီဒီယာ​တွေကို ​ပြောပါတယ်။

သဘာဝဓာတ်​ငွေ့​ကို သုံး​ရင် ​ကျောက်မီး​သွေး​ သုံး​တာထက် အရင်း​အနှီး​ ပိုမြင့်​မှာ ဖြစ်တဲ့​အတွက် ထွက်လာတဲ့​ လျှပ်စစ်ဓါတ်အား​ဈေး​နှုန်း​လည်း​ မြင့်​လာနိုင်တယ်လို့​ သူက ဆိုထား​ပါတယ်။

ပြီး​ခဲ့​တဲ့​ တနင်္လာ​နေ့​က ရန်ကုန်မြို့​ သတင်း​စာရှင်း​လင်း​ပွဲတခုမှာ နယ်စပ်ဖွံ့​ဖြိုး​ရေး​ ပြည်​ထောင်စုဝန်ကြီး​ ဦး​ခင်​မောင်စိုး​က အီတာလျံထိုင်း​ကုမ္ပဏီရဲ့​ ၄၀၀၀ မဂ္ဂါဝပ် ​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်​ရေး​ စီမံကိန်း​ကို ရပ်ဆိုင်း​မယ်လို့​ကြေညာခဲ့​တာပါ။

လွန်ခဲ့​တဲ့​အပတ်က သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​တဲ့​ အဖွဲ့​တွေက ထား​ဝယ်​ရေနက်ဆိပ်ကမ်း​မှာ ဆန္ဒပြခဲ့​ကြအပြီး​မှာ ဒီထုတ်ပြန်ချက် ထွက်​ပေါ်လာခဲ့​တာပါ။

အီတာလျံထိုင်း​ ကုမ္ပဏီဟာ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​ ​ဆောက်လုပ်​ရေး​ ကုမ္ပဏီဖြစ်ပြီး​ ၂၀၁၂ ခုနှစ်အတွင်း​မှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာ သ​င်္ဘောဆိပ်​တွေ အ​ဆောက်အဦ​တွေ ကား​လမ်း​တွေနဲ့​ရထား​ လမ်း​တွေကို တည်​ဆောက်​ရေး​အတွက် အ​မေရိကန်​ဒေါ်လာ​ငွေ ၁၂.၅ ဘီလီယံ ထုတ်​ချေး​ဖို့​ပြီး​ခဲ့​တဲ့​နှစ် ဒီဇင်ဘာက ကြိုတင် ရည်မှန်း​ထား​ခဲ့​ပါတယ်။

ဒီလို​ငွေထုတ်​ချေး​ဖို့​ ရှိ​နေချိန်မှာ သူတို့​ရဲ့​ ​ကျောက်မီး​သွေး​အပူဓာတ်သုံး​ လျှပ်စစ် ဓာတ်အား​ပေး​စက်ရုံ တည်​ဆောက်​ရေး​ စီမံကိန်း​ကို မြန်အစိုး​ရက အသိမ​ပေး​ဘဲ ရပ်ဆိုင်း​လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013