DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် မဲလက်မှတ်အတုများဖြင့် မဲလာထည့်မှုဖြစ်ပွား (ရုပ်သံ)
DVB
·
April 1, 2017
လှိုင်သာယာတွင် မဲလက်မှတ်အတုများဖြင့် မဲလာထည့်မှုဖြစ်ပွား (ရုပ်သံ)
Donate to DVB


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ  မဲသက်သေခံ လက်မှတ်အတုတွေပြုလုပ်ကာ မဲရုံကို မဲလာရောက်ထည့်မှု ဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့  ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က လာရောက်စစ်ဆေးခဲ့ပါတယ်။

လှိုင်သာယာမြို့ နယ် ၁၉ရပ်ကွက် အမှတ် ၃၇ အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံတစ်ရုံမှာ ဒီမနက်ပိုင်းက ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီတစ်ခုက မဲသက်သေခံလက်မှတ်အတုတွေ ပြုလုပ်ကာ မဲရုံကို လာရောက်မဲထည့်မှုဖြစ်ပွားခဲ့တာပါ။

ဒီကိစ္စနဲ့ ပက်သက်ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားပြီး ဥပဒအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေး၊ အန်ဒီအက်ဖ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီက  ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ၂ ဦး စုစုပေါင်း အမတ်လောင် ၈ ဦးဝင်ပြိုင်တာဖြစ်ပါတယ်။

သတင်းရုပ်သံ-ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013