DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၊ ပြည်လမ်းတွင် အ၀တ်ဗလာဖြင့် လမ်းလျှောက်ခဲ့သူကို ရဲက အမှုဖွင့်
DVB
·
April 1, 2017
ရန်ကုန်၊ ပြည်လမ်းတွင် အ၀တ်ဗလာဖြင့် လမ်းလျှောက်ခဲ့သူကို ရဲက အမှုဖွင့်
Donate to DVB

ရန်ကုန်တိုင်း၊ မရမ်းကုန်မြို့နယ်မှာ မနေ့ညက လမ်းပေါ်မှာ အ၀တ်ဗလာနဲ့ လမ်းလျှောက်ခဲ့တဲ့ အမျိုးသမီးကို တိုင်း ရဲက အများပြည်သူဆိုင်ရာနေရာမှာ ညစ်ညမ်းအောင်လုပ်မှု ပုဒ်မ ၄၁(၁၅)နဲ့ အမှုဖွင့်ထားပါတယ်။

မတ်လ ၃၁ ရက်ည ၁၀ နာရီလောက်မှာ မရမ်းကုန်မြို့နယ်၊ ပြည်လမ်း၊ ၉မိုင်မှာ အမျိုးသမီတဦး အ၀တ်ဗလာနဲ့ လျှောက်သွားနေတယ်လို့ ပြည်သူတယောက်က သတင်းပေးလို့ ရဲက သွားရောက်ထိန်းသိမ်းပြီး အခုလို အမှုဖွင့် အရေးယူလိုက်တာ ဖြစ်ပါတယ်။

မရမ်းကုန်းရဲစခန်းက တာဝန်ကျရဲအရာရှိက အ၀တ်ဗလာနဲ့ လမ်းလှျောက်ခဲ့သူဟာ တောင်ဒဂုံမြို့နယ်မှာနေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး စိတ်ဖောက်ပြန်နေသူလို့ ပြောပါတယ်။

“သူက ဆေးကြောင်တာလည်း မဟုတ်ဘူး၊ စိတ်ဆင်းရဲစရာဖြစ်ပြီး စိတ်ဆင်းရဲပြီး စိတ်တချက် လွတ်သွားတာ၊ စိတ်ရောဂါရယ်လို့လည်း မဟုတ်ဘူးဗျ၊ ဆိုးဆိုးဝါးဝါးတော့ မဖြစ်သေးဘူး။ ဒါပေမယ့် တချက်လွတ်ပြီး ဖောက်ချင်တဲ့သဘောပေါ့၊”

အဲ့ဒီအမျိုးသမီးကို မရမ်းကုန်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

မကြာသေးခင်ကပဲ ရန်ကုန်၊ လမ်းမတော်ဘက်မှာ အမျိုးသမီးတဦး အ၀တ်ဗလာနဲ့ လမ်းလျှောက်ခဲ့ပါသေးတယ်။
ဓာတ်ပုံ - Nay Zin Minn Lwin

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013