DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အစိုးရ တစ်နှစ်အတွင်း ဘဏ္ဍာငွေကျပ် ၃၈ ဘီလီယံကျော်သုံးစွဲ
DVB
·
April 1, 2017
ရန်ကုန်အစိုးရ တစ်နှစ်အတွင်း ဘဏ္ဍာငွေကျပ် ၃၈ ဘီလီယံကျော်သုံးစွဲ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းပေါင်း ၇ဝဝ ကျော် လောက် အကောင်အထည်ဖော်နိုင်ခဲ့ပြီး စုစုပေါင်း ဘဏ္ဍာငွေကျပ် ၃၈ ဘီလီယံကျော်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

၂၀၁၆ ဧပြီ ၁ရက်မှ ၂၀၁၇ ကာလထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်ရဲ့  တစ်နှစ်တာ ဆောင်ရွက် ချက်တွေနဲ့ ပတ်သက်ပြီး အစိုးရပြန်ကြားရေးက ထုတ်ပြန်ရာမှာဖော်ပြထားတာပါ။

ရန်ကုန်မှာ တစ်နှစ်အတွင်းဆောင်ရွက်ခဲ့တဲ့ ထင်ရှားတဲ့ လုပ်ဆောင်ချက်အပြောင်း အလဲတွေထဲမှာ မထသ စနစ်ကိုဖျက်သိမ်းပြီး YBS သယ်ယူပို့ဆောင်ရေးစနစ်သစ်စတင်တာ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေတဲ့ နောက်ဖေးလမ်းကြားတွေကို ၀င်ရောက်ရှင်းလင်း အမှိုက်သိမ်းပေးတာ၊ ညဈေးတန်းတွေဖွင့်လှစ်ပေးတာ၊ ပြည်သူတွေ အပန်းဖြေနိုင်ဖို့ ပန်းခြံတွေနဲ့ နားနေစရာနေရာ အသစ်တွေ ဖန်တီးပေးတာတွေကိုဖော်ပြထားပါတယ်။

အိမ်ရာစီမံကိန်းအသစ်နဲ့ မြို့ပြစီမံကိန်းအသစ်တွေ ၊ အထူးစီးပွားရေးဇုန်တွေကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ညောင်နှစ်ပင်မှာ စိုက်ပျိုးရေးမွေးမြူရေးစင်တာကြီးတခု ဖွင့်လှစ်ဖို့ အစပျိုးစီမံကိန်းစတင်နေပြီလို့လည်းဆိုပါတယ်။

ရန်ကုန်မှာ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးတာတိုးတက်ဖို့  ကျပ် ၁၇ ဒသမ ၀၈၃ ဘီလီယံဖိုး သုံးစွဲခဲ့တာအပါအ၀င် စုစုပေါင်း ကျပ်ဘဏ္ဍာငွေ ၃၈ဒသမ ၂၅၃ ဘီလီယံ ကျခံသုံးစွဲခဲ့တာလို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013