DVB Logo
Home
မြန်မာသတင်း
သိန်း ၁ သောင်းဆု ပေါက်တယ်ပြောတော့ ထခုန်လိုက်တယ်၊ မယုံသလိုဖြစ်နေတယ် - ကံထူးရှင်
DVB
·
April 1, 2017
သိန်း ၁ သောင်းဆု ပေါက်တယ်ပြောတော့ ထခုန်လိုက်တယ်၊ မယုံသလိုဖြစ်နေတယ် - ကံထူးရှင်
Donate to DVB

၁ ကြိမ်မြောက် အောင်ဘာလေသိန်းပေါင်း ၁ သောင်းဆုကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သားကောင်းရတနာထီဆိုင်က ပေါက်သွားပါတယ်။

သိန်းပေါင်း ၁ သောင်းဆုပေါက်သွားသူမှာ ဦးစံရွှေခိုင်ဖြစ်ပြီး ကျောက်ဖြူမြို့ နာရီစင်အနီး အလယ်ပိုင်းရပ်ကွက်က ဖြစ်ကြောင်းသိရပါတယ်။ သိန်းပေါင်း ၁ သောင်းဆုနံပါတ်ဟာ ပ- ၅၉၆၈၇၂ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်တောင် မယုံသလို ဖြစ်နေတယ်လို့ ကာယကံရှင်ထီပေါက်တဲ့ ဦးစံရွှေခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော် ဘယ်လိုပြောရမှန်မသိတော့ဘူး။ အတိုင်းအဆမရှိ အရမ်းကိုဝမ်းသာတယ်။ ကျနော်မျော်လင့်မထားဘူး။ လတိုင်းတော့ ထီထိုးနေတာပဲ။ မင်္ဂလာစုံတွဲနှစ်တွဲထိုးတယ်။ သုံးသောင်းဖိုး ထိုးတာပါ။ ပေါက်ဖို့ ဆိုတာကို ဘာမှာ မျော်လင့်မထားဘူး။ ထီဆိုင်ကောင်းမလေးတွေလာပြီးတော့ အကို ထီပေါက်တယ်တယ်တဲ့။ ဟုတ်လားလို့ မေးတော့။ သိန်းပေါင်း ၁ သောင်းဆုလို့ ပြောတော့ ကျနော်ထခုန်လိုက်တယ်။ အရမ်းကိုအတိုင်းမသိပျော်တယ်။”

အခုထီပေါက်တာနဲ့ ပတ်သက်ပြီး လောလောဆယ်မှာတော့ ဘာမှလုပ်ဖို့ စိတ်ကူးမသိသေးဘူးလို့ ကာယကံရှင်က ပြောပါတယ်။

အောင်ဘာလေထီကို လစဉ်ပုံ မှန်ထိုးနေတာဖြစ်ပြီး အခု သိန်းပေါင် ၁ သောင်းဆုကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သားကောင်းရတနာ ထီးဆိုင်မှာ ထိုးခဲ့တယ်လို့ သူဆက်လက်ပြောပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013