DVB Logo
Home
မြန်မာသတင်း
နယ်စပ် ကချင်ဒုက္ခသည်များကို ကူညီနေသည့် အကူအညီပေးရေးအဖွဲ့များ ခက်ခဲလာ
DVB
·
January 12, 2012
နယ်စပ် ကချင်ဒုက္ခသည်များကို ကူညီနေသည့် အကူအညီပေးရေးအဖွဲ့များ ခက်ခဲလာ
Donate to DVB

ကချင်ပြည် နယ်စပ်မှာ ရောက်ရှိနေသော သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ ဒေသခံ လူမှုရေးအဖွဲ့တွေက အချိန်ကာလ ကြာလာတာနဲ့ ထောက်ပံ့ညီရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

[caption id="attachment_19885" align="alignright" width="310" caption="ကချင်ဒုက္ခသည်များ"][/caption]

သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေက ဒေသခံ စေတနာရှင်နဲ့ စီးပွားရေးသမားများကို အဓိက အားထားနေရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လိုက်လံ စုဆောင်းရာမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ နယ်စပ်က အကူအညီပေးနေတဲ့ အဖွဲ့က ပြောပါတယ်။

ဝမ်ပေါင်နိန်းတွဲ ခေါ် လူထုအလင်း ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ အမည်နဲ့ ကူညီနေတဲ့ ဒီအဖွဲ့ဟာ လွယ်ဂျယ်၊ မူဆည်၊ နမ့်ခမ်းနယ်စပ်မှာ ရောက်ရှိနေတဲ့ ဒုက္ခသည် ၁၇,၀၀၀ ကို အဓိက ထောက်ပံ့ပေးနေတာပါ။

အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ မေလီအောင်က “ဒေသခံတွေ ဆီကပဲဆိုတော့ အလှူထည့်တဲ့ သူတွေကလည်း ၁ ခေါက် ၂ ခေါက် ထည့်နိုင်တယ်ကွာ၊ ၃ ခေါက်ဆိုရင် မထည်နိုင်တော့ဘူး။ ဒီလိုပဲ ဖြစ်နေတယ်၊ နိုင်ငံတကာက အကူအညီကလည်း ပြန်မရတဲ့အခါကျတော့ ဒုက္ခရောက်တာ။ ဒီတပတ်ထဲမှာ ထုတ်ပေးဖို့လောက် ရှိတယ်၊ နောက်ထပ်အတွက်က မရောက်လာသေးဘူး။ တပတ်စာတော့ ရှိထားတယ်။”

အလှူငွေကို ဒေသခံများ၊၊ ဘုရားကျောင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တရုတ်ပြည်ရှိ မြန်မာပြည်သားများ၊ ထိုင်းအခြေစိုက် လူမှုရေးအဖွဲ့အစည်းတချိုထံက ရရှိတယ်လို့ ဆိုပါတယ်။

“ဒီတပတ်အတွက် ထုတ်ပေးဖို့တော့ရှိတယ် နောက်ထပ်တော့ မရောက်လာသေးဘူး။ တပတ်စာတော့ ရှိထားတယ်။ အမှန်တကယ်ဆို ကိုယ်လက်ထဲမှာ ဒီလအတွက် ထုတ်ပေးပြီးရင်တော့ နောက်လအတွက် အဆင့်သင့်ဖြစ်နေရမယ်လေ အဲသလိုမျိုး မရှိနေဘူး၊ ရောက်ခါနီးမှ ကမန်းကတန်း စီစဉ်ရတာတို့၊ ရိက္ခာထုတ်ပေးရမယ့် ရက်ရောက်လာပြီ။ လက်ထဲမှာကျတော့ ၀ယ်ဖို့အတွက် ပိုက်ဆံအဆင်သင့် ရှိမနေသေးဘူး။ ဟိုက  လိုက်ချေး ဒီက လိုက်ငှား ရောက်လာရင်ပြန်ဆပ်နဲ့ လုပ်နေရတာ”

အောက်တိုဘာလက အကူအညီပေးတာ တပတ်လောက် ပြတ်တောက်ခဲ့တဲ့အတွက် ဒုက္ခသည်တွေ စားသောက်ရေးဟာ အခက်အခဲ ရင်ဆိုင်ခဲ့ရဖူးတယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးကျော်သူ နာရေးကူညီမှုအသင်းက ပေးတဲ့ အကူအညီတွေကတော့ မြို့ပေါ်က ဒုက္ခသည်တွေဆီကို ရောက်ရှိပြီးတော့ နယ်စပ်က ဒုက္ခသည်တွေဆီတော့ မရောက်သေးဘူးလို့ သူမကဆိုပါတယ်။

ကေအိုင်အိုဌာနချုပ် လိုင်ဇာနဲ့ အနီးတ၀ိုက်မှာ ဒုက္ခသည် စခန်း ၁၀ ခုရှိပြီး ရွှေလီ၊ မူဆည်၊ နမ့်ခမ်း၊ လွယ်ဂျယ်နဲ့ နယ်စပ်တလျှောက်မှာတော့ ဒုက္ခသည် စခန်း ၂၃ ခုရှိတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၄ရက်က ရန်ကုန်မှာ ရုံးဖွင့်ထားတဲ့ People in Need အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူ ဒေါက်တာ Gerhard Baumgardဟာ ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီးတော့ စစ်ပြေးဒုက္ခသည် ၇သောင်းကျော်လောက် ရှိနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကချင်တွေက ဒုက္ခသည်ကိစ္စကို လူတွေအာရုံစိုက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒေါက်တာ Gerhard Baumgard က ပြောပါတယ်။

ကချင်အကူအညီပေးရေး အဖွဲ့တွေရဲ့ အင်တာနက် စာမျက်နှာတွေဟာ ကချင်ဘာသာနဲ့ ဖြစ်နေတာကလည်း တခု အပါအ၀င် ဖြစ်တယ်လို့ ပြောပါတယ်။

“လက်ရှိ ဦးကျော်သူကတော့ အကူအညီတွေ စပေးနေပါပြီ၊ ကုလသမဂ္ဂကလည်း နှစ်ကုန်ဆိုတော့ ငွေကြေးနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိနေပါတယ်။”

ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဖြစ်ပွားနေတဲ့ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်အကြား စစ်ပွဲတွေက မရပ်တန့်သေးဘဲ စစ်ပြေးဒုက္ခသည်တွေသာ ပိုမိုများပြားလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013