DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ကြားဖြတ်ရွေးကောက်ပွဲ စိတ်ဝင်စားသူနည်းပါး
DVB
·
April 1, 2017
ရှမ်းပြည်နယ်ကြားဖြတ်ရွေးကောက်ပွဲ စိတ်ဝင်စားသူနည်းပါး
1 / 10
Donate to DVB

ရှမ်းပြည်နယ်ဟာ ကြားဖြတ်ရွေးကောက်ပွဲ အဓိကနဲ့ နေရာအများဆုံး ကျင်းပတဲ့ ပြည်နယ်တခုဖြစ်ပေမယ့် ဒီကနေ့မနက် မဲရုံတွေမှာ   မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်တစား လာရောက် မဲပေးမှု အားနည်းနေတယ်လို့ သိရပါတယ်။

ညောင်ရွှေမြို့နယ်မှာ မဲရုံပေါင်း ၆၉ရုံရှိပြီး မဲပေးခွင့်ရှိသူ ၆ သောင်းကျော်လောက်ရှိရာမှာ  မဲပေးသူ နည်းပါးနေတာကိုတွေ့ရပြီး မဲပေးခွင့်ရှိသူ ၆၀၀လောက်ရှိတဲ့ မဲရုံတခုမှာ ဆိုရင် ၂၀၀လောက်ပဲ လာပေးနေတာကို တွေ့ရပါတယ်။

ညောင်ရွှေမြို့နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လစ်လပ်တဲ့ အတွက်ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်တာဖြစ်ပြီး ညောင်ရွှေမြို့နယ်မှာ ကြံခိုင်ရေးပါတီ၊ အန်အယ်လ်ဒီပါတီနဲ့ အင်းသားကိုယ်စားပြုပါတီတွေက ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။

ကျိုင်းတုံမြို့ပေါ်က မဲရုံတွေမှာလည်း  တစ်ရုံကိုပျမ်းမျှ မဲဆန္ဒရှင် ၁၀၀၀ ကျာ်လောက် ဆန္ဒမဲပေးရမှာဖြစ်ပေမယ့် မဲရုံဖွင့်ဖွင့်ချင်း လာရောက်ဆန္ဒမဲပေးသူ နည်းပါးနေသေးတာကို တွေ့ရပါတယ်။

ဒေသခံတွေကလဲ ကြားဖြတ်ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုနည်းပါးတယ်လို့လဲ ပြောပါတယ်။

ကျိုင်းတုံမြို့ နမ့်ချပ်ရပ်ကွက်မှာနေထိုင်ပြီး မဲရုံအမှတ်(၁)မှာ လာရောက်မဲပေးသူ တစ်ဦးက "ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးရတာ အဆင်ပြေပါတယ်။ လွတ်လပ်ပြီး ကိုယ်ကြိုက်တဲ့ပါတီကို ကိုယ်မဲပေးခွင့်ရှိပါတယ်။ မဲရုံဖွင့်ဖွင့်ချင်းဆိုတော့ မဲလာပေးတဲ့သူ နည်းနေသေးတယ်။ ၂၀၁၅ တုန်းကတော့ မဲရုံဖွင့်ဖွင့်ချင်း လူတွေပြည့်နေတာ"လို့ပြောပါတယ်။

ကျိုင်းတုံမြို့ ကြားဖြတ်ရွေးကောက်ပွဲမှာ မြို့ပေါ်ရပ်ကွက်(၂)ခုအတွက် မဲရုံပေါင်း(၈)ခုရှိပြီး မဲပေးနိုင်သူပေါင်း(၁၉၃၇၁)ဦးရှိပါတယ်။

ကျေးရွာအုပ်စုပေါင်း(၁၆)အုပ်စုမှာ မဲရုံပေါင်း(၄၉)ရုံရှိပြီး ဆန္ဒမဲပေးမည့်သူပေါင်း (၃၆၇၆၃)ဦးရှိကာ  ကျိုင်းတုံတစ်မြို့နယ်လုံးအတိုင်းအတာနဲ့  မဲဆန္ဒရှင်ပေါင်း(၅၆၁၃၄)ဦး၊  မဲရုံပေါင်း(၅၇)ရုံရှိတယ်လို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ ခွန်ရာဇာ

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013