DVB Logo
Home
မြန်မာသတင်း
ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်ပြိုင်မည့်​ ကိုယ်စား​လှယ်​လောင်း​များ​စာရင်း​ အဖွဲ့​ချုပ် ​ကြေညာ
DVB
·
January 12, 2012
ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်ပြိုင်မည့်​ ကိုယ်စား​လှယ်​လောင်း​များ​စာရင်း​ အဖွဲ့​ချုပ် ​ကြေညာ
1 / 3
Donate to DVB

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ် မဲဆန္ဒနယ်​မြေက ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ပါတီက ​ကြေညာလိုက်ပါတယ်။

ဗဟိုအလုပ်အမှု​ဆောင် ​ကော်မတီက ဒီက​နေ့​ ကိုယ်စား​လှယ်​လောင်း​ အား​လုံး​ ၂၂ ဦး​စာရင်း​အနက် ရန်ကုန်တိုင်း​ ​ခြောက်မြို့​နယ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အမျိုး​သမီး​လေး​ဦး​နဲ့​ အမျိုး​သား​ ၂ ဦး​ ဝင်ပြိုင်မယ်လို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“​သေချာသ​လောက်ရှိတာက ​ဒေါ်​အောင်ဆန်း​စုကြည်က ​ကော့​မှူး​၊​ ​ဒေါ်​မေဝင်း​မြင့်​က မရမ်း​ကုန်း​၊​ ​ဒေါ်ဖြူဖြူသင်း​က မင်္ဂလာ​တောင်ညွန့်​၊​ ဒဂုံဆိပ်ကမ်း​မှာ​တော့​ ​ဒေါက်တာမျိုး​အောင်၊​ လှည်း​ကူး​က ကိုဖြိုး​မင်း​သိန်း​၊​ သုံး​ခွမြို့​နယ်က ​ဒေါ်စုစုလွင်”

မန္တ​လေး​ မဟာ​အောင်​မြေမြို့​နယ်မှာ ဦး​အုန်း​ကြိုင် မိတ္ထီလာမှာ ဦး​ဝင်း​ထိန်တို့​ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အနည်း​ဆုံး​ လစ်လစ်​နေရာ ၄၈ ​နေရာရှိတဲ့​အနက် ​နေရာတိုင်း​မှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လာမယ့်​ ဧပြီ ၁ ရက်​နေ့​ ကျင်း​ပမယ်လို့​ ​ကြေညာထား​ပါတယ်။

လက်ရှိ လွတ်​တော်အသီး​သီး​မှာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ အသင်း​က အမတ်အများ​စုနဲ့​ အစိုး​ရ ဖွဲ့​ထား​ပါတယ်။





Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013