DVB Logo
Home
မြန်မာသတင်း
ကော့မှူးမြို့နယ် မဲရုံများတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးကျ လုံခြုံရေးပေးမည်
DVB
·
March 31, 2017
ကော့မှူးမြို့နယ် မဲရုံများတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးကျ လုံခြုံရေးပေးမည်
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်က မဲရုံတွေမှာ မဲရုံတရုံကို ရဲတပ်ဖွဲ့ဝင်တဦး လုံခြုံရေးပေးသွားမယ်လို့ ကော့မှူးမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြတ်က ပြောပါတယ်။

ဒီလိုထားရှိပေးတာဟာ အများပြည်သူလုံခြုံမှုရှိစေဖို့ ဖြစ်သလို မဲပေးနေချိန်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ကြိုတင်ကာကွယ်တာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

ကော့မှူးမြို့နယ်က မဲရုံ ၁၅၅ ရုံအတွက် ရဲတပ်ဖွဲ့ဝင်တွေကို ရဲသား၊ ရဲမေ မခွဲခြားပဲ ထားရှိပေးမှာပါ။ တချို့မဲရုံတွေမှာ ရဲတပ်သား နှစ်ယောက်လည်း ရှိနေနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့အရာရှိတွေပါဝင်တဲ့ လုံခြုံရေးအဖွဲ့တွေကလည်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို လုံခြုံရေးအတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

အခုလို ရွေးကောက်ပွဲကာလ လုံခြုံရေးဆောင်ရွက်ဖို့အတွက် ပြည်နယ်၊ ခရိုင်နဲ့ တခြားမြို့နယ်တွေက ရဲတပ်ဖွဲ့ဝင်ပါ အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

ကော့မှူးမြို့နယ်အတွင်းမှာ ဝင်ရောက်အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း ၉ ဦးရှိပြီး ၇ ဦးကတော့ ပါတီတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ၂ ဦးကတော့ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျေးရွာပေါင်း ၆၅ ရွာရှိတဲ့ ကော့မှူးမြို့နယ်မှာ မဲရုံပေါင်း ၁၅၅ ရုံ ရှိပြီးတော့ မဲပေးခွင့်ရှိသူပေါင်း ၉၄၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။
ကော့မှူးမဲဆန္ဒနယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ နယ်မြေ ဖြစ်ပါတယ်။
သတင်း - ဟိန်းကို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013