DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ်တွင် လမ်းကြိတ်စက်ဖြင့် ပါဝါအိပ်ဇောနှင့် သံစုံဟွန်းများ ဖျက်ဆီး
DVB
·
March 31, 2017
Donate to DVB

ချောက်မြိုနယ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး ဟောပြောစဉ် သိမ်းဆည်းခဲ့တဲ့ အိတ်ဇော်ပိုက်တွေနဲ့ သံစုံဟွန်းတို့ကို လမ်းကြိတ်စက်နဲ့ အများပြည်သူရှေ့ ဒီနေ့ ဖျက်ဆီးခဲ့ပါတယ်။

မတ် ၃၁ ရက် မနက် ၁၁ နာရီအချိန်က အမှတ် ၁၀ ရပ်ကွက်၊ ပတ္တမြားရပ်၊ လမ်းမတော်လမ်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှာ မြို့ပေါ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး ဟောပြောစဉ် သိမ်းဆည်းခဲ့တဲ့ ဆူညံသံဖြစ်ပေါ်စေတဲ့ အိတ်ဇောပိုက် ၂၅၅ ခုနဲ့ သံစုံဟွန်း ၁၁၀ တို့ကို လမ်းကြိတ်စက်နဲ့ဖျက်ဆီးခဲ့တယ်လို့ ချောက်မြို့မ ရဲစခန်း (ယာဉ်/လမ်း)စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ရဲအရာခံ မျိုးမြင့်အောင်က ပြောပါတယ်။

“ကျနော်တို့ စစ်ဆေးရေးအဖွဲ့တွေနဲ့ တွေ့ရှိထားတာတွေလည်း ပါတယ်။ နောက် လမ်းဆုံ လမ်းခွတွေမှာ တာဝန်ထမ်းဆောင်နေရင်း စစ်ဆေးတွေ့ရှိထားတာတွေလည်း ပါတယ်။ အဲဒါတွေကို ပညာပေးဟောပြော ၂၀၁၅ မော်တော်ယာဉ်ဥပဒေမှာ ဘယ်လို ပြဋ္ဌာန်းထားတယ် ဆိုတာတွေ ရှင်းလင်းပြောကြားပြီး၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေတဲ့ အသံကျယ်လောင်တဲ့ ဆိုင်ကယ် အိတ်ဇောတွေ အထိတ်တလန့်ဖြစ်စေတဲ့ သံစုံဟွန်းတွေ ဖြုတ်ပြီး ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေကို ဒီနေ့ အများပြည်သူရှေ့မှာ ပညာပေး ဖျက်ဆီးပြတာပါ။ သင်္ကြန် အချိန်အခါ နီးလို့ရယ်တော့ မဟုတ်ပါဘူး။ ဒီလိုတပ်ဆင်ထားတဲ့ ယာဉ်တွေကိုတော့ ကျနော်တို့ တာဝန် ထမ်းဆောင်နေတဲ့ နေရာတိုင်းမှာ တွေ့ရှိရင် ပညာပေးဖြုတ်သိမ်း အရေးယူဆောင်ရွက်သွားမှာပါ။”
သတင်း - ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013