DVB Logo
Home
မြန်မာသတင်း
မြိတ်ကွမ်းယာဆိုင်များတွင် လိင်ဆက်ဆံဖော်အမျိုးသမီးအရုပ်နှင့် တားမြစ်ဆေးဝါးများ ဖမ်းမိ
DVB
·
March 31, 2017
မြိတ်ကွမ်းယာဆိုင်များတွင် လိင်ဆက်ဆံဖော်အမျိုးသမီးအရုပ်နှင့် တားမြစ်ဆေးဝါးများ ဖမ်းမိ
1 / 4
Donate to DVB

 

သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲပြီး  ယာဉ်တိုက်မှု မဖြစ်စေရေးနဲ့ လိင်/ကာမစိတ်ကြွ ဆေးအပါအ၀င် တားမြစ်ဆေးဝါးတွေ ရောင်းချသုံးစွဲတာ မရှိစေရေးအတွက် မြိတ်မြို့ပေါ်ရှိ လမ်းဘေး ဆေးဆိုင်တွေနဲ့ ကွမ်းယာဆိုင်တွေကိုစစ်ဆေးရာ တားမြစ်ဆေးတွေနဲ့ လိပ်ဆက်ဆံဖော်အမျိုးသမီးအရုပ်တခုကို မတ်လ ၃၀ ရက်နေ့က ကွမ်းယာဆိုင်တဆိုင်မှာ စစ်ဆေးတွေ့ရှိကြောင်း မြိတ်မြို့မရဲစခန်းရုံးက ပြောပါတယ်။

လာမယ့် သင်္ကြန်ကာလမှာ လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ လိင်/ကာမစိတ်ကြွဆေးတွေ ၀ယ်မသုံးစွဲရှိစေဖို့ မြိတ်မြို့ပေါ်ရှိ လမ်းဘေးဆေးဆိုင်တွေနဲ့ ကွမ်းယာဆိုင်တွေမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့အတူ ရှာဖွေစစ်ဆေးရာ မြိတ်မြို့နယ်၊ ထားဝယ်စုရပ်ကွက်၊ စီလမ်းနဲ့ ခရုပင် လမ်းဆုံရှိ အမည်မရှိ ကွမ်းယာဆိုင်တွင် မတ်လ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီက လိင်/ကာမ စိတ်ကြွဆေးဝါးတွေနဲ့ လူကြီးတွေအသုံးတဲ့ လိင်ဆက်ဆံအမျိုးသမီး လေးထိုးရုပ်တခုကို စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း မြိတ်မြို့မရဲစခန်းရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။

သက်ဆိုင်ရာအဖွဲ့တွေနဲ့ အတူ ကွမ်းယာဆိုင်ကို ထပ်မံရှာဖွေရာ Caverta စာတန်းပါ ကာမ အားတိုးဆေးတွေ၊ Max man ခါးနာဆေးတောင့် ၂၅ တောင့်၊ Green Viagra စာတန်းပါ ယောက်ျား လိင်အင်္ဂါတောင်တင်းရှည်ခံဆေးပြား ၃၈ ပြား၊ Marathon စာတန်းပါ ယောက်ျားလိင်အင်္ဂါ တောင့်တင်းစေဖို့ အသုံးပြုတဲ့ အဆီတမျိုးဖြစ်တဲ့ ဆေး ၁၂ တောင့်နဲ့ လူကြီး အမျိုးသားများ အသုံးပြု လိင်ဆက်ဆံတဲ့ အမျိုးသမီးလေထိုးရုပ်တခု အခြား ကာမစိတ်ကြွဆေးဝါးတွေနဲ့ ဆက်စပ် ဆေးဝါး ပစ္စည်း ၁၂ မျိုးကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

လိင်/ကာမ စိတ်ကြွဆေးဝါးများကို မှတ်ပုံတင်မဲ့ တားမြစ်ဆေးတွေးကို လက်ဝယ်ရောင်းချတဲ့ ဦးဇော်ဝမ်း (ခ) မောဇူးလှ အသက် (၆၀) နှစ်ကို (ပ) ၇၀၄/ ၂၀၁၇၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈/ ၁၉ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013