
ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံကစားသမား ခွာရက်စခီးလီးယားဟာ ဘာစီလိုနာကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ပွဲချိန် ၅၉ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် ဂျော်ဂျီယာလက်ရွေးစင် ကစားသမားဟာ ခွဲစိတ်ကုသမှု ခံယူရတော့မှာပါ။ အသင်းဘက်ကတော့ ကွင်းထဲ ပြန်ဝင်နိုင်မဲ့ အချိန် ကာလကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
ခွာရက်စခီးလီးယားကတော့ ပိုမိုသန်မာတဲ့ပုံစံနဲ့ ပြန်လာဖို ကြိုးစားသွားမယ်လို့ လူမှုကွန်ရက်ကနေ ကတိပေးခဲ့ပါတယ်။
ပွဲစဉ်မှာ ဒမ်ဘီလီနဲ့ မာကင်ဟိုစ်တိုလည်း ပေါင်ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမှာပါ။
Photo:Reuters











