DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများအပြင် ခရီးသွားသူများ ကြိုတင်မဲပေးမှု များပြား
DVB
·
March 31, 2017
Donate to DVB

လာမယ့် ဧပြီ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲလစ်လပ်နေရာအတွက် ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ် အမှတ်(၄)မှာ  သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေအပြင် ခရီးသွားသူတွေ ကြိုတင်မဲပေးတာတွေ များပြားနေပါတယ်။

မတ်လ ၂၉ ရက်ကနေ  ၃၁  ရက်အထိ ကြိုတင်မဲပေးသူတွေက နေ့စဉ်မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေကို လာရောက်မဲပေးနေကြပြီး ကျန်းမာရေးမကောင်းသူတွေနဲ့ သက်ကြီးရွယ်အို တွေကို အိမ်အရောက်လိုက်လံကြိုတင်မဲ ကောက်ယူပေးနေတယ်လို့ ကျောက်တံခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းနွယ်က ပြောပါတယ်။

"ကျနော်တို့က မဲရုံအထိ မလာနိုင်တဲ့သူတွေ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေကို ကျနော်တို့က အိမ်အထိလိုက်ပြီး ကောက်ပေးနေပါတယ်ဗျ။ ရွေးကောက်ပွဲနေမှာ ခရီးသွားမယ့်သူတွေကလည်း ရပ်ကွက်ထောက်ခံချက်တွေ၊ ကားလက်မှတ်တွေနဲ့လာပြီး ကြိုတင်မဲပေးနေတာတွေ ရှိပါတယ်။ ကျနော်တို့ကလည်း သူတို့ဘက်က အချက်အလက်တွေ ပြည့်စုံရင်ကြိုတင်မဲပေးခွင့်ပြုပါတယ်။ ကျနော် သုံးသတ်တာကတော့ဗျာ ၂၀၁၅ ရွေးကောက်ပွဲထက်စာရင် အခုကြားဖြတ် ရွေးကောက်ပွဲအပေါ် လူတွေစိတ်ဝင်စားမှု အားနည်းနေတယ်လို့ ထင်တယ်ဗျ။”

ကြိုတင်မဲပေးခဲ့သူ ဆရာဦးရှိုးတီ(ကျူရှင်)က  “မဲပေးရမယ့်ရက်နဲ့ ရန်ကုန်မှာ ကျနော့်အမေ ဆေးခန်းပြရ မယ့်ရက် တိုက်နေတယ်။ အဲတော့ နိုင်ငံသားတယောက်ရဲ့ တာဝန်ကျေချင်လို့ ကြိုတင်မဲပေးခဲ့ တာပါ”လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄ သိန်း ၄ သောင်းကျော်ရှိပြီး ကျောက်တံခါးမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁ သိန်း ၇ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ  - ဗိုလ်သူရိန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013