DVB Logo
Home
မြန်မာသတင်း
ကျောင်း​သား​သမဂ္ဂ ​ပေါ်​ပေါက်​ရေး​ ​ကော်မတီဖွဲ့​စည်း
DVB
·
January 12, 2012
Donate to DVB

ကျောင်း​သား​သမဂ္ဂများ​ ဖြစ်ထွန်း​ပေါ်​ပေါက်​ရေး​ကော်မတီ တရပ်ကို ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က မန္တလေး​မြို့​မှာ စတင် ဖွဲ့​စည်း​လိုက်ပါတယ်။

[caption id="attachment_19865" align="alignright" width="300" caption="ဦး​နေဝင်း​ အစိုး​ရက ဒိုင်း​နမိုက်နဲ့​ ဖြိုခွင်း​လိုက်သည့်​ သမိုင်း​ဝင် ​ကျောင်း​သား​သမဂ္ဂအ​ဆောက်အဦ "][/caption]

ကော်မတီရဲ့​ ​ရှေး​ဦး​လုပ်ငန်း​စဉ်အဖြစ် ​ကျောင်း​သား​ထုအကြား​ သမဂ္ဂစိတ်ဓာတ် ပြန်လည်ရင့်​သန်လာဖို့​နဲ့​ ​ကျောင်း​အသီး​သီး​မှာ သမဂ္ဂ​တွေ ဖွဲ့​စည်း​နိုင်​ရေး​ ကြိုး​ပမ်း​ဖို့​ ဖြစ်တယ်လို့​ ​ကော်မတီ ​ပြောခွင့်​ရသူ ကိုရဲရင့်​အောင်က ​ပြောပါတယ်။

ဗကသများ​ အဖွဲ့​ချုပ်ဟာ မြန်မာ့​လွတ်လပ်​ရေး​ ကြိုး​ပမ်း​မှု ကာလကတည်း​က ဖြစ်တည်ခဲ့​တာ ဖြစ်ပြီး​ လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ အပါအဝင် နိုင်ငံ​ခေါင်း​ဆောင် အ​တော်များ​များ​ကို ​မွေး​ထုတ်နိုင်ခဲ့​ပါတယ်။

ဗကသ ပြန်လည်​ပေါ်​ပေါက် ​ကော်မတီ ​ပြောခွင့်​ရသူ ကိုရဲရင့်​အောင်က​တော့​ မကြာခင်မှာ အစိုး​ရဆီမှာ တရား​ဝင်မှတ်ပုံတင်ဖို့​ ကြိုး​စား​မယ်လို့​ ​ပြောပါတယ်။

၁၉၆၂ ခုနှစ်မှာ တပါတီအာဏာရှင်စနစ် ကာလကစလို့​ ​မြေ​ပေါ်မှာ ရပ်တည်နိုင်ခြင်း​ မရှိ​တော့​ဘဲ ​မြေ​အောက်လှုပ်ရှား​မှု အဖြစ်သာ ရပ်တည်နိုင်ခဲ့​တာ ဖြစ်ပါတယ်။

သမိုင်း​ဝင် ​ကျောင်း​သား​သမဂ္ဂအ​ဆောက်အဦ ကိုလည်း​ အာဏာသိမ်း​ တက်လာတဲ့​ ဦး​နေဝင်း​ အစိုး​ရက ဒိုင်း​နမိုက်နဲ့​ ဖြိုခွင်း​ပြီး​ သမဂ္ဂလှုပ်ရှား​မှု​တွေကို နှိပ်ကွပ်ခဲ့​ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအ​ရေး​တော်ပုံကာလမှာ ​ကျောင်း​သား​သမဂ္ဂဟာ ​မြေ​ပေါ်ကို ခဏ ပြန်​ရောက်ခဲ့​ပြီး​ ဗကသ ဥက္ကဋ္ဌ ကိုမင်း​ကိုနိုင်ကို ဖမ်း​ဆီး​ ​ထောင်ချခဲ့​ပါတယ်။

၂၀၀၇ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကာလမှာ ဗကသကို ​နောက်တကြိမ် ပြန်လည်ဖွဲ့​စည်း​တဲ့​အခါ ဥက္ကဋ္ဌအဖြစ် ကို​ကျော်ကိုကို ကို တင်​မြှောက်ခဲ့​ကြပါတယ်။ အဲဒီကာလမှာ ​ကျောင်း​သား​သမဂ္ဂမှာ လှုပ်ရှား​ခဲ့​တဲ့​ ၈၈ မျိုး​ဆက် ​ခေါင်း​ဆောင်​တွေနဲ့​ ၂၀၀၇ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်ကို အစိုး​ရက ဖမ်း​ဆီး​ပြီး​ နှစ်ရှည် ​ထောင်ဒဏ်​တွေ ချမှတ်ခဲ့​ပါတယ်။

အစိုး​ရသစ် တက်လာတဲ့​ ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ တချို့​ကို ပြန်လွှတ်​ပေး​ခဲ့​ပေမယ့်​ ကိုမင်း​ကိုနိုင်နဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေ၊​ ကို​ကျော်ကိုကိုနှင့်​ ၂၀၀၇ မျိုး​ဆက်၊​ ​ကျောင်း​သား​ သမဂ္ဂမှာ လှုပ်ရှား​ခဲ့​သူ​တွေကို ခုချိန်ထိ ပြန်မလွှတ်​ပေး​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013