DVB Logo
Home
မြန်မာသတင်း
ကျောက်​မဲ ​ထောက်​ပို့တပ်​ ခြံစည်းရိုးတွင်​ လက်​လုပ်​မိုင်းပေါက်​ကွဲ
DVB
·
March 31, 2017
ကျောက်​မဲ ​ထောက်​ပို့တပ်​ ခြံစည်းရိုးတွင်​ လက်​လုပ်​မိုင်းပေါက်​ကွဲ
1 / 2
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်-၁ ရပ်ကွက်၊ အုတ်ကျင်းရှိ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး ခြံစည်းရိုးမှာ  မတ်လ ၃၀ ရက်နေ့ ည ၉ နာရီကျော်က လက်လုပ်မိုင်းတလုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တယ်လို့ ကျောက်မဲခရိုင်ရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

         “မနေ့ည ၉ နာရီ ၅ မိနစ်မှာ အမှတ် ၁ ရပ်ကွက် အမှတ် ၆၂၆ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး ၁၀ ခြံစည်းရိုးအနီး လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ စစ်ဆေးချက်အရ မြေကြီးအနက် ၆ လက်မ၊ အကျယ် ၆ လက်မ ဖွာထွက်သွားတယ်။ အဲဒီအရှေ့မျက်နှာချင်းဆိုင်မှာ အမှတ် ၄ မူလတန်းကျောင်း ရှိတယ်ခင်ဗျ။ ခဲသီးတွေက အဲဒီကျောင်းရဲ့ ခြံစည်းရိုးအုတ်တံတိုင်းကို မှန်ကုန်တယ်။ တရားခံကိုတော့ စုံစမ်းနေဆဲပါဘဲခင်ဗျ။”

မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ဒီကနေ့ ကျောက်မဲမြို့ အခြေအနေကတော့ အေးအေး ဆေးဆေးပဲလို့ သူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဲဒီအနီးနားမှာနေထိုင်သူ ကျောက်မဲဒေသခံအမျိုးသမီးတဦးက အခုလို ပြောပါတယ်။  

“မည်သူမည်ဝါတော့ မသိတော့ဘူး။ ပေါက်ကွဲတော့ အစ်မတို့လည်း လန့်တာပေါ့။ အစကတော့ သူများ ထင်တာက ကားဘိန်းပေါက်တာလားပေါ့နော်။ ဒါပေမယ့် မဖြစ်နိုင်ဘူး။ အသံက တော်တော်ကျယ်တာကိုး။ အဲဒီထောက်ပံ့ရေးတပ်မှာ ဆိုင်ကယ်နဲ့ လာပစ်သွားတယ်လို့ ပြောတာပဲ။”

သတင်း - နိုင်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013