DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
DVB
·
March 31, 2017
Donate to DVB

သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေးနှင့် သတင်းအချက်အလက် သိပိုင်ခွင့်ဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ Summit Parkview Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို သတင်းဌာနအသီးသီက သတင်းသမားတွေ တက်ရောက်ခဲ့ပြီး သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့ကြကာ သတင်းအချက်အလက် ရယူတဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတာကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

သတင်းသမားတွေအနေနဲ့လည်း သက်ဆိုင်ရာ အစိုးရဌာနတွေက သတင်းရယူခွင့် မပေးဘဲ ငြင်းဆန်ရင် သတင်းမီဒီယာကောင်စီကို တိုင်ကြားစာ ပေးပို့တိုင်ကြားနိုင်တယ်လို့ ကောင်စီ အထွေထွေအတွင်းရေးမှူးဦးသီဟစောက ပြောပါတယ်။

သတင်းအချက်အလက် သိပိုင်ခွင့်ဥပဒေနဲ့ပတ်သက်ပြီးတော့ ရေးဆွဲရာမှာလည်း သတင်းအချက်အလက် လွတ်လပ်စွာ တောင်းဆိုရယူပိုင်ခွင့်ကို ဦးစားပေးရေးဆွဲသွားမှာဖြစ်ပြီး အရေးယူမှုနှင့် ကာကွယ်မှုဆိုင်ရာတွေကိုပါ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ သတင်းသမားတွေအနေနဲ့လည်း သတင်းရယူရာမှာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ရယူသင့်ပြီး သတင်းပေါ် အခြေခံပြီး ငွေကြေးတောင်းခံမှုတွေ မလုပ်သင့်ဘူးလို့ သတင်းသမားတချို့ကလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013