နေတိုးအဖွဲ့နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးက ရယ်စရာကောင်းတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောလိုက်ပါတယ်။
နေတိုးနဲ့ ဆက်ဆံရေးဟာ အမေရိကန်က တဖက်သတ် အိတ်စိုက်နေရတယ်လို့ ဆိုရှယ်မီဒီယာမှာ ထရမ့်ပ်က ပို့စ်တင်ပြီး ဖော်ပြခဲ့တာပါ။
နေတိုး-အမေရိကန် ဆက်ဆံရေးက အပြန်အလှန် ပံ့ပိုးမှုမရှိဘူးဆိုပြီး ထရမ့်ပ်က မှတ်ချက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းကလည်း ထရမ့်ပ်က အမေရိကန်ဟာ နေတိုးအဖွဲ့မှာ တခြားအဖွဲ့ဝင်တွေထက် ငွေပိုသုံးခဲ့ပေမဲ့ အဲဒီလိုလုပ်ရပ်ကနေ ဘာအကျိုးမှမရဘူးလို့လည်း ပို့စ်တင်ခဲ့ဖူးပါတယ်။
အဲဒီနေ့မှာပဲ ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ဒါစပီဂဲလ်နဲ့ အင်တာဗျူးမှာ နေတိုးအဖွဲ့ရဲ့ အတွင်းရေးဆုံးဖြတ်ချက်တွေကို လွတ်လပ်စွာတိုင်ပင်မှုနဲ့ အဖွဲ့ဝင်အားလုံးရဲ့ ဆန္ဒနဲ့သာ ပြုလုပ်တာဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။
နေတိုးအဖွဲ့ဟာ မျက်ကန်းနာခံမှုမျိုး လုပ်တဲ့အဖွဲ့ မဟုတ်လို့ တခြားအဖွဲ့ဝင် တယောက်ရဲ့ လွှမ်းမိုးမှုကို မခံဘူးလို့ ပစ်တိုးရီးရက်စ်က ပြောခဲ့ပါသေးတယ်။
ဥရောပမဟာမိတ်နိုင်ငံတွေဟာ စစ်သုံးစရိတ် တိုးမြှင့်ဖို့ ထရမ့်ပ်က အကြိမ်ကြိမ် ဖိအားပေးပြောဆိုထားပြီး၊ နေတိုးအဖွဲ့ဝင်တွေဟာ သတ်မှတ်ထားတဲ့ စစ်ရေးအသုံးစရိတ်ရအောင် မလုပ်ကြဘူးလို့လည်း စွပ်စွဲထားပါတယ်။
နေတိုးအဖွဲ့ဝင်တွေဟာ စစ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ ရောက်အောင် ၂၀၂၅ ခုနှစ်အထိ တိုးချဲ့ဖို့ ၂၀၂၅ ဇွန်လမှာ သဘောတူခဲ့ကြတာပါ။
မှီခိုတာထက် ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်က နေတိုးက ဆက်ပြီး တွန်းအားပေးနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဥရောပနိုင်ငံတွေဟာ သမားရိုးကျ ကာကွယ်ရေးကိုပဲ လုပ်ဆောင်နေတဲ့အဆင့်ကနေ တက်လာဖို့ အမေရိကန်က တွန်းအားပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
Source: Reuters










