DVB Logo
Home
မြန်မာသတင်း
စင်မြင့်ရှေ့တွင် ကခုန်ရင်းထိခိုက်မိရာမှ အုပ်စုလိုက် ခိုက်ရန်ဖြစ်၊ ဓားထိုးခံရ
DVB
·
March 30, 2017
စင်မြင့်ရှေ့တွင် ကခုန်ရင်းထိခိုက်မိရာမှ အုပ်စုလိုက် ခိုက်ရန်ဖြစ်၊ ဓားထိုးခံရ
Donate to DVB

 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့မှာ မတ် ၂၉ ရက် ည ၁၀ နာရီလောက်က ကုန်ပစ္စည်းပြပွဲနဲ့ အထူးဈေးရောင်းပွဲတော်မှာ လူငယ်အုပ်စုနှစ်ဖွဲ့ ခိုက်ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့လို့ လူငယ် ၃ ဦး မိုင်းတုံဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါတယ်။

ဈေးရောင်းပွဲတော်မှာ တေးသရုပ်ဖော်နဲ့ မော်ဒယ်ရှိုးပွဲတင်ဆက်ရာ စင်မြင့်ရှေ့မှာ ကခုန်ရင်း မတော်တဆ ထိခိုက်မိရာမှ အဖွဲ့လိုက် ခိုက်ရန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

"ဈေးရောင်းပွဲတော် ဖျော်ဖြေရေးစင်မြင့်ရှေ့မှာ ကခုန်နေကြရင်း ထိခိုက်မိရာက အဖွဲ့လိုက် ရန်ဖြစ်ကြတယ်။ အမှတ် (၂၇၇) ခြေလျင်တပ်ရင်းမှာနေထိုင်တဲ့ တပ်မိသားစုဝင် မောင်ပြည့်ဖြိုးမင်းနဲ့ အဖွဲ့ထဲကတယောက်က ဓားနဲ့ထိုးလို့ ၃ ယောက်ဒဏ်ရာရပြီး ဆေးရိုပို့ လိုက်ရတယ်။ ဖြစ်ပြီးတော့ ထွက်ပြေးသွားကြတယ်"လို့ အခင်းဖြစ်ပွားရာမှာ မျက်မြင်တွေ့ရှိသူ စိုင်းလောဝ်အွန်က ပြောပါတယ်။

ဓားထိုးမှုကြောင့် မိုင်းတုံမြို့ဝမ်မိုင်ရပ်ကွက်နေ စိုင်းနောင့်အေးရဲ့ ဝဲဖက်ဝမ်းဗိုက်မှာ ၂ လက်မ လောက် ထိုးသွင်း ဒဏ်ရာတချက်၊ ဝဲဘက်ပခုံးမှာ ၄ လက်မလောက် ထိုးသွင်းပြတ်ရှ ဒဏ်ရာတချက် (စိုးရိမ်ရ) နဲ့ စိုင်းလောင်ဆိုင်ရဲ့ ဝဲဘက်ခြေမအထက် ၂ လက်မလောက် ပြတ်ရှဒဏ်ရာတချက်၊ ဝဲဘက်နားနောက် ဖူးယောင်ဒဏ်ရာတချပ်(မစိုးရိမ်ရ)၊ စိုင်းအောင်နွတ် ရဲ့ ဝဲဘက်လက်မောင်းအုံမှာ ၂ လက်မလောက် ထိုးသွင်းဒဏ်ရာတချက် အသီးသီးရရှိကာ မိုင်းတုံဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံနေရပါတယ်။

ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးခဲ့တဲ့ ပြစ်မှုကျူးလွန်တဲ့ ပြည့်ဖြိုးမင်း အသက် (၂၀) နှစ်ကို ဒီနေ့ မနက်ပိုင်းက သွားရောက်ဖမ်းဆီးခဲ့ပြီး မိုင်းတုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၃/၃၂၄/၃၂၆ တို့အရ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ကျော်ဇေယျာလင်း ( မိုင်းတုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013