ပန်းပျိုးပင်ဈေးနှုန်း တက်သဖြင့် တောင်သူများ အခက်ကြုံ
DVB
·
March 30, 2017

ပန်းပျိုးပင်ဈေးနှုန်းတွေ ပြီးခဲ့တဲ့ နှစ်ကထက် ထက်ဝက်တက်နေလို့ ပန်းစိုက်ရာမှာ အခက်အခဲ ဖြစ်နေတယ်လို့ ပန်းစိုက်တောင်သူတွေက ပြောပါတယ်။
နှင်းဆီပန်း၊ ဂန္ဓမာပန်းအပါအဝင် ဘုရားပန်း၊ ပျိုးပင်တွေ၊ မျိုးစေ့တွေ ၀ယ်ယူတဲ့နေရာမှာ မနှစ်က ထက်ဈေးနှုန်းတွေ ထက်ဝက်နီးပါးတက်လာလို့ ပန်းအပွင့်တွေကိုလည်း ဈေးမြှင့်ပြီးရောင်းချ နေရတယ် လို့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က ပန်းစိုက်တောင်သူတွေက ပြောပါတယ်။
ပန်းမျိုးစေ့နဲ့ ပျိုးပင်တွေကို မန္တလေးတိုင်းဒေသကြီးက အဓိက ၀ယ်ယူကြပြီး တရုတ်က တဆင့်ဝင်ရောက်တဲ့ မျိုးစိတ်သစ်တွေလည်း ရှိပါတယ်။
သတင်း - AMIA











