DVB Logo
Home
မြန်မာသတင်း
အနုပညာရှင်တွေ ၀င်ငွေခွန်ထမ်းဆောင်ဖို့ တိုက်တွန်းလိုက်တဲ့ သရုပ်ဆောင် အေးမြတ်သူ (ရုပ်သံ)
DVB
·
March 30, 2017
Donate to DVB

by dvburma
“သရုပ်ဆောင် ဇာတ်ပို့ ဇာတ်ရံတွေပဲ ဖြစ်ဖြစ်၊ လူရွှင်တော် အစ်ကိုတွေပဲ ဖြစ်ဖြစ်၊ နောက်ပြီးတော့ မော်ဒယ်ဂဲလ်တွေ၊ မော်ဒယ်လ်ဘွိုင်းတွေ၊ ဖိုတိုမော်ဒယ်နဲ့ လုပ်တဲ့သူ အားလုံးပဲ ဖြစ်ဖြစ်။ လာလိုက်ပါ။ အများကြီး မဆောင်ရပါဘူး။ ကိုယ့်ရဲ့ဝင်ငွေကို ပြောနိုင်ပြီးတဲ့အခါကျရင် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ မဆောင်ရတဲ့ဟာလည်း မဆောင်ရပါဘူး။ တချို့ အရမ်းဝင်ငွေနည်းရင်လည်း မဆောင်ရတာမျိုး ရှိပါတယ်။ သတ်မှတ်ထားတဲ့ စံတွေရှိတယ်ဆိုတော့ အဲဒီထဲမှာ လာပြီး သေချာစုံစမ်း မေးမြန်းလိုက်ပါ။ ပိုက်ဆံတွေ အများကြီးလည်း မကုန်ပါဘူး။ အဓိကက ပြည်သူတွေကို အသိပေးချင်တာ တခုပဲ။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်တွေကလည်း အခွန်ဆောင်ပါတယ်၊ အခွန်ထမ်းပါတယ် ဆိုတာ အများပြည်သူတွေ သိရတဲ့အခါ အကုန်လုံးက ဝန်ထမ်းတွေက အစ၊ ဈေးသည်တွေအဆုံး အားလုံးက အခွန်ဆောင်ရတာဟာ၊ အခွန်ထမ်းရတာဟာ ကြီးလေးတဲ့တာဝန်ကြီး မဟုတ်ဘူး။ သက်သောင့်သက်သာရှိတယ်ဆိုတာ အားလုံးကို သိစေချင်လို့ပါ။ အေးမြတ်သူကလည်း ဒီကနေ ဖိတ်ခေါ်ချင်ပါတယ်။ ရုပ်ရှင်အစည်းအရုံးမှာ အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းအားလုံးပေါ့။ အဆိုတော်ပဲဖြစ်စေ၊ ဇာတ်ညွှန်းပဲရေးရေး၊ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်၊ မော်ဒယ်လ်ပေါ့နော်။ အနုပညာလုပ်ငန်းနဲ့ ဆက်စပ်သူအားလုံးဟာ ဒီမှာလာပြီး ဆောင်လို့ရပါတယ်။ ရုပ်ရှင်အစည်းအရုံးမှာ ဝမ်းစတော့ပ် ဆားဗစ်နဲ့။ အရမ်းကို လျင်မြန်လွယ်ကူပါတယ်။ အရမ်းကို အဆင်ပြေပါတယ်။ အဲဒီတော့ မြန်မြန်လေး လာစုံစမ်းပြီး အခွန်ဆောင်လိုက်ကြပါလို့ အေးမြတ်သူက ဒီနေရာကနေ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013