DVB Logo
Home
မြန်မာသတင်း
မောင်တော လုံခြုံရေးစစ်ကြောင်း ဗုံးပေါက်ကွဲ၊ စစ်သား ၂ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ
DVB
·
March 30, 2017
မောင်တော လုံခြုံရေးစစ်ကြောင်း ဗုံးပေါက်ကွဲ၊ စစ်သား ၂ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ
Donate to DVB

 

မောင်တောမြို့နယ် မြောက်ပိုင်းမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက် အမှတ် ၃၅၂ ခြေမြန်တပ်ရင်းမှ စစ်ကြောင်းတခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် စစ်သား ၂ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအ၀င် ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့ ည ၇ နာရီလောက်က မောင်တောမြို့နယ် လိပ်ရရွာအနီး လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကျော်မင်းသွင်ဦးဆောင်တဲ့ စစ်ကြောင်းမှ တပ်သားဇော်မင်းထိုက်ဟာ တာဝန်ပျက်ကွက်တဲ့အတွက် စစ်ကြောင်းမှူးက ဆိုဆုံးမခဲ့ပါတယ်။ ပြီးနောက် တပ်သား ဇော်မင်းထိုက်က တာဝန်ကျရာ တောင်ကုန်းပေါ် တက်ရောက်သွားပြီး သူကိုင်ဆောင်တဲ့ ဘီဘေ ၉၁ လက်ပစ်ဗုံးကို ဖြူးစ်တပ်နေတာတွေ့တဲ့အတွက် ခွဲ တပ်ကြပ်ကြီး ကျော်မိုးနဲ့ တပ်ကြပ်သိန်းအောင်တို့က အော်ဟစ် ဟန့်တားခဲ့ပါတယ်။

အော်ဟစ်ဟန့်တားတာ ကြားတဲ့အတွက် ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူးတို့က သွားရောက်တားဆီးစဉ် လက်ပစ်ဗုံးပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် တပ်သားဇော်မင်းထိုက် နောက်ကျောပြင် ဗုံးစထိမှန် ပွင့်ထွက်ဒဏ်ရာ၊ တပ်ကြပ်သိန်းအောင်ရဲ့ ဘယ်ဘက်ရင်ညွန့် အစထိ မှန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်မင်းသွင်မှာ ပေါင်ကိုဗုံးစထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ဗိုလ်ကြီးသိန်းနိုင်ဝင်းနဲ့ တပ်ခွဲတပ်ကြပ်ကြီး ကျော်မိုးနဲ့ တပ်ကြပ်ကျော်မိုးတို့မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ရဲမှတ်တမ်းအရ သိရှိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဘူးသီးတောင်စစ်ဆေးရုံသို့ ပို့ဆောင်ကုသပေးထားပြီး ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်က စုံစမ်းမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013