မိုင်းဆတ်တွင် လေပြင်းမုန်တိုင်းတိုက်၊ ဘုန်းကြီးကျောင်း၊ မူလတန်းကျောင်းနှင့် လူနေအိမ်များ ပျက်စီး
မတ်လ ၂၈ ရက် ည ၁၂ နာရီက ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် လွယ်လန်းအုပ်စု ပိန်းခါးကျေးရွာမှာ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းအပါအဝင် မူလတန်းကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
"အပျက်အစီးက ကျပ်သိန်း ၇၀ ကျော်ရှိတယ်။ မြို့နယ်ကိုတော့ သတင်းပို့ပြီးပြီ အိမ်ပြိုတဲ့သူတွေ ကိုတော့ ဘေးအိမ်တွေမှာ ခဏနေနေကြတယ်။ လူတွေတော့ အထိအခိုက် မရှိဘူး"လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထူးက ဒီဗွီဘီကို ပြောပါတယ်။
အခုလေပြင်းတိုက်ခတ်ခဲ့တဲ့ လွယ်လန်းအုပ်စု ပိန်းခါးကျေးရွာဟာ ထိုင်းနိုင်ငံနယ်စပ်အနီးမှာရှိတဲ့ ကျေးရွာဖြစ်ပြီးမြို့ မိုင်းဆတ်မြို့နဲ့ ၃၅ မိုင်လောက်ကွာဝေးတဲ့ နေရာဖြစ်တဲ့အတွက် သတင်းမရ သေးပေမယ့်လည်း မိုင်းဆတ်မြို့ပေါ်မှာ လေပြင်းကြောင့် အပျက်အစီးမရှိတဲ့အတွက် မိုင်းဆတ် မြေစာရင်း ဦးစီးမှူးနဲ့ မိုးဇလဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။
အခုလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအမိုးတွေ လန်သွားပြီး အုတ်တံတိုင်း ပြိုကျပျက်စီးကာ လူနေအိမ် ၂ လုံး ပြိုကျပျက်စီး နေအိမ်အချို့ အမိုးတွေ ပျက်စီးဆုံးရှုံးခဲ့ ပါတယ်။
သတင်း၊ ဓာတ်ပုံ - မင်းဇော် (မိုင်းတုံ)











