DVB Logo
Home
မြန်မာသတင်း
အသက် ၇၀ အဖွားအို ၁ ဦး အရိုက်ခံရ၍ သေဆုံး
DVB
·
March 30, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်  ကတိုးခင်ကျေးရွာမှာ မတ် ၂၈ ရက် ည ၇ နာရီခွဲခန့်က အသက် ၇၀ ခန့် အဖွားအိုတဦး အရိုက်ခံရပြီး ဆေးရုံတက်ကုသနေစဉ် မတ် ၂၉ ရက်က သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ကညွတ်ကွင်းမြို့၊ ငတိုးခင်ကျေးရွာနေ ဒေါ်မာလာခင်ရဲ့ နေအိမ်မှာ အတူနေထိုင်တဲ့ အဒေါ်ဖြစ်သူ ဒေါ်နီ ၇၀ နှစ်နဲ့ ဒေါ်မာလာခင်ရဲ့ ချွေးမဖြစ်သူ မဥမ္မာတို့နှစ်ဦးမှာ နေအိမ်မှာ ရှိနေစဉ် ဒေါ်မာလာခင်ရဲ့ ခင်ပွန်းဖြစ်သူ ဦးတင်သိန်းမှာ အပြင်မှ အရက်သေစာ သောက်စားမူးယစ်ကာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။  ရောက်ရှိလာပြီးနောက် ချွေးမဖြစ်သူ မဥမ္မာနဲ့ ဒေါ်မာလာခင်ရဲ့ ခင်ပွန်းဖြစ်သူ ဦးတင်သိန်းတို့ စကားများခဲ့ကြပါတယ်။  ဦးတင်သိန်းက ချွေးမဖြစ်သူကို ညစ်ညမ်းစွာ ဆဲဆိုပြီး အနီးရှိ အရှည် ၁ တောင်ခန့်ရှိတဲ့ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ရာ မဥမ္မာမှာ ယာလက်ပြင်နဲ့ ဦးခေါင်း ပေါက်ပြဲဒဏ်ရာများ ရရှိသွားခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသွားတာကြောင့် ဒေါ်မာလာခင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်နီမှ ဝင်ရောက်တားမြစ်ခဲ့ရာ ဦးတင်သိန်းက ဒေါ်နီကို သစ်သားတုတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့ပါတယ်။  ဒေါ်နီရဲ့ ဦးခေါင်းအလယ်တဝိုက် ပေါက်ပြဲဒဏ်ရာများ ရရှိသွားတာကြောင့် ကညွတ်ကွင်း တိုက်နယ် ဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ သိရပါတယ်။

အရက်မူးပြီး ချွေးမနဲ့ အဒေါ်ကို တုတ်နဲ့ ရိုက်နှက်ခဲ့တဲ့ ဦးတင်သိန်းကို အမှုဖွင့် အရေးယူပေးဖို့ ဇနီးဖြစ်သူ ဒေါ်မာလာခင်က တရားလိုလုပ်ပြီး ကညွတ်ကွင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ အတွက် ကညွတ်ကွင်းနယ်မြေရဲစခန်းမှ (ပ)၇၉/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၉၅/၃၂၅ ဖြင့် ကနဦး အမှုဖွင့် အရေးယူထားခဲ့ပါတယ်။

"ဖြစ်တာကတော့ တူမယောက်ျားပေါ့။ သူက ရိုက်တာ။ တူမယောက်ျားဆိုတော့ တူပေါ့ဗျာ။ ပထမနေ့က အရိုက်ခံရတာ။ အဲဒါကို ကျနော်တို့က အမှုဖွင့်ပြီး အဖွားကြီးကတော့ ဆေးရုံတက်နေတာ ပေါ့။ နောက်တော့ သေသွားတယ်ပေါ့။ အဲဒီမှာ ကျနော်တို့က လူသတ်မှုပုဒ်မ ပြောင်းလိုက်တာပါ” လို့ ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်နီက ကညွတ်ကွင်းဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် မတ် ၂၉ ရက်နေ့ မနက် ၉ နာရီခွဲလောက် မှာ သစ်သားတုတ်ဖြင့် ရိုက်နှက်ခံရစဉ် ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဒေါ်နီ သေဆုံးသွားခဲ့တဲ့ အတွက် ဦးတင်သိန်းကို ကနဦး အမှုဖွင့်အရေးယူထားတဲ့ ပုဒ်မကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ကို ပြောင်းလဲအမှုဖွင့် အရေးယူ ဖမ်းဆီးပြီး တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ ကညွတ်ကွင်းနယ်မြေ ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013