DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် (သတင်းဓာတ်ပုံ)
DVB
·
March 29, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းမြင့်အတွက် လာရောက်မဲဆွယ်စည်းရုံးနေပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ရက်ပိုင်းအလိုမှာ ကဝ၊ သနပ်ပင်၊ ဝေါ၊ ဘုရားကြီး၊ ပဲခူး၊ ဆီးကုန်း၊ တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ တောင်ငူ၊ အုပ်တွင်း၊ ဇရပ်ကွင်း စတဲ့မြို့နယ်ထဲက အဖွဲ့ချုပ် အဖွဲ့ဝင်တွေအပါအဝင် ဗဟိုကော်မတီဝင်များ၊ တိုင်း၊ ခရိုင်၊ အလုပ်အမှုဆောင်တွေက ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တွေမှာ လှည့်လည်ပြီး အင်အားထောင်ချီဖြင့် မဲဆွယ်စည်းရုံးရေး လုပ်နေကြတာလည်း ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းမြင့်က “ပြိုင်ရမှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဆို တခြားပါတီ ၅ ပါတီ ရှိပါတယ်။ ဒါပေမယ့် ပြည်သူတွေ အများဆုံး စိတ်ဝင်စားတာကတော့ NLD ပါတီကိုပဲ စိတ်ဝင်စားကြပါတယ်။ NLD ပါတီကိုပဲ ထောက်ခံမယ်လို့လည်း ကျေးရွာတိုင်းမှာ သူတို့ရဲ့ဆန္ဒတွေကို ထောက်ခံရရှိခဲ့ပါတယ်။ နိုင်မယ်လို့လည်း ယုံကြည်တယ်။ အမေစုက ပြည်သူတွေအပေါ်မှာ အလေးထားသလို ပြည်သူတွေကလည်း အမေစုကို အလေးထားချစ်ကြတယ်။ အမေစုကို ချစ်တဲ့အတွက်ကြောင့် ကျိန်းသေနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ မဲဆွယ်စည်းရုံးရေးပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းမြင့်ကို လာရောက်အားပေးပြီး ပဲခူးတိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေလည်း လာရောက်ဝန်းရံပေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013