DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တရားရုံးကို ဆန္ဒပြ
DVB
·
March 29, 2017
ဖြူးမြို့နယ်တရားရုံးကို ဆန္ဒပြ
Donate to DVB

တရားရုံးတွေမှာ မမှန်မကန် တရားစီရင်ဆုံးဖြတ်နေတာတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့   ဒီကနေ့ မနက်က ပဲခူးတိုင်းဒေသကြီး  ဖြူးမြို့နယ်မှာ ပဲခူးတိုင်းအတွင်းက ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

မတ် ၂၈ ရက်ကတည်းက  ပဲခူးတရားရုံးရှေ့က စတင်ကာ ဒိုက်ဦးမြို့၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်စတဲ့ တရားရုံးရှေ့တွေကိုသွားရောက်ပြီး   ဒေါ်သဉ္ဇာမောင်မောင်နဲ့ အဖွဲ့က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြအဖွဲ့ဟာ ဖြူးမြို့နယ် တရားရုံးရှေ့ကို ရောက်ရှိချိန်မှာ တရားရုံးဝင်းတံခါးကို သော့ခတ်ပိတ်ထားတာ ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး တရားရုံးထဲ ဝင်ခွင့်တောင်းခဲ့ပေမယ့် တရားရုံးဘက်ကထွက်တွေ့ဖြေရှင်းမှုမရှိတဲ့အတွက် တရားရုံးအဝင်ပေါက်မှာ ဟောပြောမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ လိုက်ပါလာသူ ဒေါ်စန်းစန်းဝင်း(ခ)ဒေါ်လေးလေးက“ ကျမတို့လာတဲ့လမ်းတလျှေက်မှာ ဒီတရားရုံးတခုပဲ ပိတ်ထားတာ တွေ့ဖူးတယ်။ တရားရုံးကို သော့ခတ်ထားတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီတရားရုံးက တရားသူကြီးဟာ အာဏာရှင်ပါ။ မတရားမှုတွေကို ဖော်ထုတ်နေတဲ့ ကျမတို့နဲ့ ရင်မဆိုင်ရဲလို့ ပိတ်ထားတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီက မြို့နယ်တရားသူကြီးကို တွေ့ဆုံမေးဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးအတွင်း ဝင်ခွင့်မပြုတဲ့အပြင် ဖြေကြားပေးဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။

ဖြူးမြို့နယ် တရားရုံးကို မနက် ၁၀ နာရီမှ စတင်သော့ခတ်ပိတ်ထားခဲ့ပြီး ဒီနေ့ အမှုစစ်ဆေးမှုတွေကိုလည်း ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

တရားရုံးတွေမှာ တရားဥပဒေစိုးမိုးမှု မရှိတာတွေ၊ မမှန်မကန် တရားစီရင်ဆုံးဖြတ်မှုတွေ ရှိနေတယ်ဆိုပြီး ပဲခူးမြို့က စတင်ပြီး နေပြည်တော်ကားလမ်းဟောင်းမှာရှိတဲ့ မြို့နယ်တိုင်းရဲ့ တရားရုံးတွေရှေ့မှာ ဆန္ဒပြပြီး နေပြည်တော် သမ္မတအိမ်တော်အရောက် ဆန္ဒပြသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆန္ဒထုတ်ဖော်တဲ့အဖွဲ့ဟာ ‘တရားစီရင်မှု ဖြောင့်မတ်မှန်ကန်ရေး’၊ ‘တရားဥပဒေ စိုးမိုးရေး’၊ ‘တရားစီရင်ရေးနဲ့ပတ်သက်ပြီး တာဝန်ရှိသူ အားလုံးမှ ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေး ဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းစောင့်ကြည့် ထိန်းသိမ်းပေးရေး’ စတဲ့ ဗီနိုင်းပါ စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။

ဆန္ဒပြ တောင်းဆိုသူ ဒေါ်သဉ္ဇာမောင်မောင် ရင်ဆိုင်နေရတဲ့ တရားမကြီးအမှုတခုမှာ သူမ မသိရှိရဘဲ ချုပ်ဆိုထားတဲ့အတွက် စာချုပ်ပါ လက်မှတ်တွေကို စစ်ဆေးပေးဖို့ ခရိုင်၊ တိုင်း၊ ပြည်ထောင်စုလွှတ်တော်ချုပ်ထိ တင်ပြတောင်းခံပေမယ့်လည်း စစ်ဆေးပေးခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း သိရှိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013