DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရန် ဒေါက်တာအေးမောင်ရည်မှန်း
DVB
·
March 29, 2017
ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရန် ဒေါက်တာအေးမောင်ရည်မှန်း
Donate to DVB

ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနဲ့ ရခိုင်ပြည်နယ် ပါလီမန်ကို ထိန်းချုပ်နိုင်ဖို့ အမ်းမဲဆန္ဒနယ်မှာ အနိုင်ရရှိဖို့ လိုအပ်တယ်လို့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ အဓိကရည်မှန်းချက်က ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး၊ ရခိုင်ပြည်နယ် ပါလီမန်ကို ထိန်းချုပ်ရေးပဲ။ တရားသောစစ်ကို ဆင်နွှဲတာဗျ။ နိုင်ဖို့လည်း လိုအပ်တယ်။ နိုင်အောင်လည်း ကြိုးစားတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဆောင်ရွက်တာပါ။ နိုင်ရင် ရခိုင်တမျိုးသားလုံးရဲ့ အမျိုးသားရေးရည်မှန်းချက်ကို ဖော်ပြီးသားလည်း ဖြစ်တယ်” လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းနိုင်ဖို့အတွက် အမ်းမြို့နယ် မဲဆန္ဒနယ်ဟာ ကနဦးအနေနဲ့ အောင်နိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒေါက်တာအေးမောင်က “တပ်မတော်မိသားစုတွေ အမ်းမှာ ရှိနေပေမယ့် မစိုးရိမ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ကလည်း လွတ်လပ်ပြီး တရားမျှတမှုရှိရှိ မဲပေးနိုင်ဖို့ စီမံထားတယ်လို့ ပြောဆိုထားတာတွေကိုလည်း ကျနော်တို့ သိထားပါတယ်” လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်လောင်း ဒေါက်တာအေးမောင်ဟာ ဒီနေ့ မတ်လ ၂၉ ရက်နေ့က အမ်းမြို့နယ်ထဲက တပ်တောင်ကျေးရွာအုပ်စုကို သွားရောက်ဟောပြောခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာတော့ အမ်းမြို့ပေါ်မှာ ပါတီအင်အားလှည့်လည်မယ်လို့ သိရပါတယ်။

ဒေါက်တာအေးမောင်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013