DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု အယူခံတင်ရေး မြန်မာအစိုးရကိုယ်စားလှယ်နှင့် ထိုင်းရှေ့နေများ ဆွေးနွေး
DVB
·
March 29, 2017
လိပ်ကျွန်းလူသတ်မှု အယူခံတင်ရေး မြန်မာအစိုးရကိုယ်စားလှယ်နှင့် ထိုင်းရှေ့နေများ ဆွေးနွေး
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အောက်တရားရုံးမှာရော၊ အယူခံတရားရုံးမှာပါ သေဒဏ်စီရင်ချက်ချခံထားရတဲ့ မြန်မာ လူငယ် ၂ ဦး လွတ်မြောက်ဖို့  မြန်မာအစိုးရကစေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ထိုင်းလူ့ အခွင့် အရေးဆိုင်ရာရှေ့နေများကောင်စီအဖွဲ့တို့  တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။

မြန်မာအစိုးရက စေလွှတ်လိုက်တဲ့ အဖွဲ့ထဲမှာ ပြည်ထောင်စုဥပဒေရုံးချုပ်က ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံ စီအိုင်ဒီမှုခင်းဆိုင်ရာတပ်ဖွဲ့မှ မှုခင်းစစ်ဆေးရေးရဲမှူးကြီး စိုးနိုင်ဦး တို့ဦးဆောင်တဲ့ ဥပဒေကျွမ်းကျင်သူများအဖွဲ့တို့ ပါဝင်ပြီး  ထိုင်းမြန်မာသံရုံးက သံတမန်အရာရှိတွေ ၊ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ဝင်တွေနဲ့အတူ  ထိုင်းလူ့အခွင့်အရေး ဆိုင်ရာ ၀ါရင့်ရှေ့နေ နခွန်းချုမ်းဖူးချတ် ဦးဆောင်တဲ့ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်တို့နဲ့     မတ်လ ၂၇ ရက်နေ့က ထိုင်းရှေ့နေရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့  ဒီအမှုမှာ တစိုက်မ တ်မတ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ထိုင်းရှေ့နေများကောင်စီနဲ့ ကျနော်တို့ တနာရီခွဲကနေစပြီးတော့  သုံးနာရီလောက်ထိကျနော်တို့ စကားပြောခဲ့တယ်၊ ထိုင်းရှေ့နေများ ကောင်စီဘက်ကတော့ ကောင်းတဲ့အကြံဥာဏ်တွေပေး ပါတယ် ခင်ဗျ။ ဟိုင်းကုတ် (အမြင့်ဆုံးဋီကာတရားရုံး) ကို အယူခံတင်တဲ့အခါမှာ အရင်က အချက်အလက်တွေ အပြင်  သင့်တော်တဲ့ကျန်တဲ့အချက်တွေပေါ့ တရားရုံးကသုံးသပ်တဲ့အချက်တွေလည်း ထည့်သွင်းပြီး တော့ ဒါတွေကိုပြဖို့ လိုပါတယ်။ ပြောရရင်တော့ ဥပဒေအချက်ပါသလိုဘဲ ပထမအယူခံရုံးက သုံးသပ်တဲ့ အပေါ်မှာလည်းကျေန်ာတို့က ပြန်လည်ပြီးတော့ သုံးသပ်ပြီး ရေးသားတင်ပြဖို့ လိုပါတယ်။”

လိပ်ကျွန်းအမှုအတွက် မြန်မာအစိုးရက စေလွှတ်လိုက်တဲ့ အဖွဲ့နဲ့ ထိုင်းမြန်မာသံရုံးတာဝန်ရှိ သူ တွေဟာ အဲဒီနေ့ မနက်ပိုင်းက နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပြီး သေ ဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ကို တွေ့ဆုံအားပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ကလေး ၂ ယောက်က ကျန်းမာရေးလည်းကောင်းပါတယ်။ နိုင်ငံတော်က ပံ့ပိုးတဲ့ အဖွဲ့တွေ ပါသွားတော့ ၀မ်းသာအားရရှိတယ်။ အားလုံးကိုလည်း ကျေးဇူးတင်စကားပြောပါတယ်။ သူတို့က ဒီအမှုနဲ့ ပတ်သက်ပြီး ကျူးလွန်ခြင်းမရှိတော့ ဒီအမှုကိုဆက်ပြီး ရင်ဆိုင်မယ်ပေါ့။”

မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် အမြင့်ဆုံးဋီကာတရားရုံးကို တင်တာဟာ နောက်ဆုံး အဆင့်ဖြစ်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်တဲ့အကြောင်း၊  ဒီအဆင့်မှာလည်း ထပ်ပြီးစီရင်ချက်ချခံ ရအုံးမယ်ဆိုရင်တော့ သံတမန်ချင်းဆက်သွယ်တဲ့ လမ်းကြောင်းကနေ ကလေးတွေ အတွက် အသက်ညှာဆုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်လို့  ဦးအောင်မျိုးသန့် က ပြောသွားပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး   မြန်မာလူငယ် ၂ ဦးကို ကော့စမွီခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုမှာ တရားလိုဖြစ်တဲ့ ထိုင်းရဲတပ်ဖွဲ့က တင်သွင်းတဲ့ သက်သေအထောက်အထားတွေ ပြည့်စုံမှုမရှိသလို မြန်မာလူငယ် ၂ ဦးကလည်း ကျူးလွန်ခြင်းမရှိပေမယ့် ရိုက်နှက်နှိပ်စက်ခံရ တာကြောင့် ၀န်ခံပေး ခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013