DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တောင်သူများအတွက်လျော်ကြေး ကျပ် သန်း ၉၀၀ကျော်ပေးအပ်
DVB
·
March 29, 2017
နေပြည်တော်တောင်သူများအတွက်လျော်ကြေး ကျပ် သန်း ၉၀၀ကျော်ပေးအပ်
Donate to DVB

နေပြည်တော် ကောင်စီနယ်မြေ မြို့နယ် နှစ်မြို့နယ်က တောင်သူတွေအတွက် လျော်ကြေး ကျပ်သန်း ၉၀၀ ကျော် ပေးအပ်လိုက်ပါတယ်။

နေပြည်တော် ကောင်စီနယ်မြေအတွင်းက ဒက္ခိဏသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင်မြေအဖြစ် လွှဲပြောင်းအသုံးပြုခဲ့တဲ့ မြေတွေအတွက် လျော်ကြေးပေးအပ်တာ ဖြစ်ပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင်မြေတွေမှာ လုပ်ကိုင်ခဲ့တဲ့ တောင်သူ ၃၈၁ ဦးရဲ့ စုစုပေါင်းသစ် တောကျုးမြေ ၈၉၉ ဒသမ ၀၆၅ ဧကနဲ့ စိုက်ပျိုးသီးနှံတွေအတွက် နစ်နာမှုထောက်ပံ့ကြေး ကျပ်သန်း ၉၄၁ ဒသမ ၉၄၉ ပေးတာပါ။

“များသောအားဖြင့် ကုန်းကွက် ယာကွက် သတ်မှတ်ထားတဲ့အတွက် ပျမ်းမျှ ၁ ဧက ၁၀ သိန်းနှုန်းလို့ ပြောလို့ရပါတယ်။ အဲပေါ်မှာ အခြေပြုပြီးမှ စိုက်ပျိုးသီးနှံတွေကို သတ်မှတ်ချက်တွေနဲ့ အညီ လျော်ကြေးပေးတာပါ”လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ မြေတွေကို မြို့ပြစီမံကိန်းအရ၊ အနာဂတ် စီမံကိန်းအရနဲ့ တချို့လိုအပ်ချက်အရ အနာဂတ် နေပြည်တော် တည်ဆောက်ရေးအတွက် လွှဲပြောင်းရယူတာ ဖြစ်တယ်လို့ ဦး မင်းသူက ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် သိမ်းဆည်းထားတာ ဧက ၂၃၀၀၀ ကျော်၊ သစ်တောကျုးကျော်မြေတွေကို စည်ပင်သာယာရေး ကော်မတီပိုင်အဖြစ် သိမ်းဆည်းထားတာ ဧက ၃၀၀၀၀ ခန့်၊ မြေလွတ်မြေရိုင်း၊ တောရိုင်းမြေတွေ သိမ်းဆည်းထားတာ ဧက ၈၀ ခန့်ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013