DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ရက်နီးကပ်လာ၍ အရောင်းအ၀ယ် အားကောင်းလာပြီး ပြည်ပထုတ်ကုန်များ ဈေးနှုန်းမြင့်တက်
DVB
·
March 29, 2017
သင်္ကြန်ရက်နီးကပ်လာ၍ အရောင်းအ၀ယ် အားကောင်းလာပြီး ပြည်ပထုတ်ကုန်များ ဈေးနှုန်းမြင့်တက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ် ဈေးကွက်အတွင်း အတာသင်္ကြန်ကာလ ရက်နီးကပ်လာတာနဲ့အမျှ လူသုံးကုန် အဝတ်အထည်များနဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ ကုန်စည်ဝင်ရောက်လာမှု အရောင်းအဝယ်က အားကောင်းလာနေပေမယ့် ပြည်တွင်းထုတ်ကုန်ထက် ပြည်ပထုတ်ကုန်တွေက ဈေးနှုန်းအနည်းငယ် မြင့်တက်လာနေပါတယ်။

ပြည်တွင်းထုတ် အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းကတော့ ပုံမှန်လောက်ပဲ ရှိနေတယ်။ ထိုင်းနိုင်ငံထုတ် စားဆီတွေနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ အခုရက်ပိုင်းအတွင်း မှာယူတင်သွင်းလာမှု မြင့်တက်လာနေပေမယ့် အရင်ကထက် ဈေးအနည်းငယ် မြင့်တက်သွားတယ်လို့ မြသီတာဈေးမှ လက်လီလက်ကား ရောင်းချနေသူတွေက ပြောပါတယ်။

“ပြည်တွင်းလူသုံးကုန်အဝတ်အထည်တွေထက် ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ ကိုးရီးယားနိုင်ငံထုတ် လူသုံးကုန် အဝတ်အထည်များအနက် ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ထုတ်ကုန်တွေက ဈေးကွက်အတွင်း ပိုမိုအဝင်များပြီး လူကြိုက်များနေပါတယ်။ အရောင်းအဝယ်က ပြည်တွင်းထုတ်ကုန်နဲ့ တခြားပြည်ပနိုင်ငံထုတ်ကုန်တွေထက် ပိုမိုရောင်းအားကောင်းလာနေတယ်” လို့ မြသီတာဈေးမှ အဝတ်အထည် ရောင်းချနေသူ ဦးနေဝင်းက ပြောပါတယ်။

အတာသင်္ကြန်ရက် နီးကပ်လာပေမယ့် အခြေခံစားသောက်ကုန်များထဲမှ အနိမ့်ဆုံးအမျိုးအစား ဆန် ၁ ပြည် ၈၀၀ ကျပ်ကနေ အကောင်းဆုံးဆန် ၁ ပြည်မှာ ၂၂၀၀ ကျပ်အထိ ဖြစ်ကာ ကြက်သွန်နီ ၁ ပိဿာ     ၁၂၀၀ ကျပ် ဖြစ်လာပါတယ်။ ပြည်တွင်းဆီ ၁ပိဿာ ၂၃၀၀ ကျပ်ကနေ အကောင်းဆုံး ၆၀၀၀ ကျပ်အထိ ရှိနေတယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013