DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်နှင့်အတူ ဓာတ်ပုံရိုက်ခဲ့သည့် အဖွား ၂ ဦး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ (ရုပ်သံ)
DVB
·
March 29, 2017
ဗိုလ်ချုပ်နှင့်အတူ ဓာတ်ပုံရိုက်ခဲ့သည့် အဖွား ၂ ဦး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ (ရုပ်သံ)
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ်မြစ်ကြီးနားကို လာရောက်တုန်းက ဗိုလ်ချုပ်နဲ့အတူ ဓာတ်ပုံ ရိုက်ခဲ့တဲ့အဖွားနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပန်းစည်းဆက်ခဲ့တဲ့ အသက် ၉၀ အဖွား ၂ ယောက်က ဒေါ်အောင်ဆန်းစုကြည် အတွက် ဆုတောင်းပေးသလို ပျော်လဲပျော်ရွှင်တယ်လို့ပြောပါတယ်။

ဗိုလ်ချုပ်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့တဲ့ ကချင်တိုင်းရင်းသူတွေရဲ့ ဓာတ်ပုံထဲက တယောက်သာကျန်တော့တဲ့ ဒေါ်မဂေါင်ခေါန်ရော်က ဗိုလ်ချုပ်နဲ့တွေ့တုန်းကလိုပဲ ဒေါ်စုနဲ့တွေ့ရတာလည်း ၀မ်းသာတယ်လို့ ပြောပါတယ်။

“ငါကတော့ မဂေါင်ခေါန်ရော် ဖြစ်တယ်။ ဒေါ်စုနဲ့ အခုလိုတွေ့လို့ ၀မ်းသာသလို ကျေးဇူးလည်း တင်တယ်။ ဒေါ်စု အမြဲတမ်း ကျန်းမာပါစေ” လို့ ဒေါ်မဂေါင်ခေါန်ရော်က ကချင်လိုပြောပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ် မြစ်ကြီးနားကိုရောက်တုန်းက ပန်းစည်းပေးခဲ့တဲ့ အဖွားဒေါ်ရွယ်နှောင်းကလည်း သူဟာလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာဖို့ ဆုတောင်းနေတဲ့ ကချင်တယောက်ဖြစ်တယ်လို့ ပြောပါတယ်။

“အဖွား တအားပျော်တယ်။ ဘုရားသခင်ဆီမှာ နေ့တိုင်းဆုတောင်းပေးတယ်။ ကိုယ်စိတ်နှလုံး ကျန်းမာပါစေဆိုပြီး ဒေါ်စုအတွက် နေ့တိုင်းဆုတောင်းပေးတယ်”လို့ အဖွားဒေါ်ရွယ်နှောင်းက ပြောပါတယ်။

ဒီအသက် ၉၀ အဖွား ၂ ယောက်ဟာ ဗိုလ်ချုပ်အောင်ဆန်းအသက်ရှင်စဉ် မြစ်ကြီးနားကို ရောက်တုန်းက ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ အဖွားတယောက်နဲ့ စီတာပူလမ်းမှာ ပန်းစည်ဆက်ခဲ့တဲ့ အဖွားနှစ်ယောက်ဖြစ်ပြီး အခုလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၂၈ ရက်နေ့က Plam Spring hotel မှာ လာရောက် တွေ့ဆုံခဲ့ကြပါတယ်။
သတင်း - သင်းသင်းနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013