DVB Logo
Home
မြန်မာသတင်း
၂၀၅၀ တွင် မြန်မာ့လူဦးရေ ၆၅ သန်း ရှိလာမည်
DVB
·
March 29, 2017
၂၀၅၀ တွင် မြန်မာ့လူဦးရေ ၆၅ သန်း ရှိလာမည်
Donate to DVB

 

လာမယ့် ၂၀၅၀ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၆၅သန်းခန့် ဖြစ်လာမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူဦးရေခန့်မှန်းခြင်း သုတေသနစာတမ်းမှာ ဖော်ပြပါတယ်။

မတ်လ ၂၄ ရက်မှာ  လူဝင်မှုဌာနက ထုတ်ပြန်ကြေညာလိုက်တဲ့ လူဦးရေခန့်မှန်းခြင်း သုတေသနစာတမ်းမှာ ခန့်မှန်းဖော်ပြလိုက်တာဖြစ်ပြီး ပြည်ထောင်စု၊ မြို့ပြနဲ့ ကျေးလက်အဆင့် လူဦးရေကို ၂၀၁၅ ခုနှစ်ကနေ ၂၀၅၀ ခုနှစ် အထိ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကို ၂၀၁၅ ခုနှစ်ကနေ ၂၀၃၁ ခုနှစ်အထိ ခန့်မှန်း တွက်ချက်ထားတာ ဖြစ်ပါတယ်။

မြန်မာ့လူဦးရေကို လူဦးရေတိုးနှုန်းအနိမ့်၊ အလယ်အလတ်နဲ့ အမြင့် စတဲ့ အဆင့် ၃ ဆင့်နဲ့ ခန့်မှန်းတွက်ချက်ထားပြီး အလယ်အလတ်တွက်ချက်မှုအရ ၂၀၅၀ မှာ ၆၅ သန်းခန့် ရှိလာမှာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် အလယ်အလတ်အဆင့်နဲ့ ခန့်မှန်းတွက်ချက်ရာမှာ ၂၀၁၅ ကနေ ၂၀၃၁ အတွင်း ရန်ကုန်တိုင်းမှာ ၁၀ သန်းခွဲလောက် ရှိနေမှာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ခန့်မှန်းတွက်ချက်မှုအရ ကယားပြည်နယ်မှာ လူဦးရေ ၃၇ ရာခိုင်နှုန်း၊ နေပြည်တော်မှာ ၂၇ ရာခိုင်နှုန်း လူဦးရေ တိုးပွားလာနိုင်ပြီး ဧရာဝတိတိုင်း၊ မကွေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ လူဦးရေတိုးပွားမှုနှုန်း အနည်းဆုံး ဒေသများ ဖြစ်လာနိုင်ပါတယ်။

ကျန် ပြည်နယ်တိုင်းအသီးသီးမှာတော့ လူဦးရေတိုးပွားနှုန်း ပုံမှန်ပဲ ရှိမယ်လို့ ခန့်မှန်း ဖော်ပြပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့လူဦးရေ/ခန့်မှန်းခြင်း သုတေသနစာတမ်းကိုလေ့လာပြီး နိုင်ငံတော် အဆင့် မူဝါဒများချမှတ်ခြင်း၊ သယံဇာတနှင့် အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေနိုင်တယ်လို့ လူဝင်မှုဌာနသတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁သန်းကျော် ရှိပြီး ဒီ့ အရင်က လူဦးရေသန်း ၆၀ကျော် ရှိမယ်လို့ ခန့်မှန်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013