DVB Logo
Home
မြန်မာသတင်း
ရပ်​​စောက်​မြို့တွင် ဘုန်းကြီး​ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား (ရုပ်သံ)
DVB
·
March 29, 2017
ရပ်​​စောက်​မြို့တွင် ဘုန်းကြီး​ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား (ရုပ်သံ)
1 / 2
Donate to DVB

ရှမ်းပြည်နယ် ရပ်စောက်မြို့ တောင်ကွက်သစ်ရက်ကွက် အင်းခေါင်း ဘုန်းကြီးကျောင်း မတ်လ ၂၇ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

“အစကတော့ လူတွေက မီးရှို့တယ်လိုပဲ ထင်နေကြတယ်။ ဘုန်းကြီးကျောင်း မီးလောင်တယ်လို့ ပြောတော့ ဘယ်သူမှ ကပ်လို့မရတော့ဘူး။ မီးသတ်တွေနဲ့ အားလုံးဝိုင်းငြိမ်းတော့မှ ၇ နာရီလောက် ငြိမ်းသွားတာ။ လောင်တာက ပင်မကျောင်းဆောင်လောင်သွားတယ်။ အဲထဲမှာတော့ ပစ္စည်းတွေတော့ ပါသွားတာပေါ့။ ထိုင်ကိုယ်တော် ရုပ်တု ၂ ပါးအပါအဝင်ပေါ့။ ဘုန်းကြီးကတော့ အသက်ကြီးလို့ နည်းနည်းလန့် လို့ ဆေးရုံပို့ထားရတယ်။” လို့ ရပ်စောက် ဒေသခံ ကိုမိုက်က ပြောပါတယ်။

လျှစ်စစ်ရေအိုးနွေးအိုး တည်ထားရာမှတဆင့် ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ မီးဟာအဆင့်ဆင့် လောင်ကျွမ်းမှု ပြင်းထန်ခဲ့ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေ မီးသတ်ယာဉ် ၆ စီးနဲ့ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တဲ့အတွက် မီးကို ငြိမ်းသက်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ သိရပါတယ်။

သတင်း - နိုင်နိုင်

ရုပ်သံ - Mike M MA's Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013