DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်အိုင်ဒီပီစခန်းများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်
DVB
·
March 28, 2017
စစ်ဘေးရှောင်အိုင်ဒီပီစခန်းများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်
1 / 9
Donate to DVB

 

ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကချင်လူထုခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး ၀ိုင်းမော်မြို့နယ်က ခတ်ချိုနဲ့ မိုင်နား အိုင်ဒီပီ စစ်ရှောင် ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ်က အိုင်ဒီပီ စစ်ရှောင်စခန်းသွားရောက်တဲ့အချိန်မှာ စစ်ရှောင်ပြည်သူတွေက သူတို့ နေရေးထိုင်ရေးခက်ခဲတဲ့အကြောင်းတွေနဲ့ ထောက်ပံ့ကူညီပေးဖို့နဲ့ သူတို့ရဲ့ နေရပ်တွေကို ပြန်ချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရကိုပဲ အားမကိုးဘဲ မိမိကိုယ်ကို အားကိုးကြဖို့နဲ့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ကိစ္စကို အစိုးရအနေနဲ့ ကြိုးစားပေးဖို့ ပြောဆိုခဲ့တယ်လို့  မြစ်ကြီးနား လူမှုအဖွဲ့က ဦးကျော်ကျော်ဦးက ပြောပါတယ်။

“အဓိက ပြောတာကတော့ အစိုးရကိုပဲ အားကိုးနေဖို့ မဟုတ်ဘူးပေါ့။ ကိုယ့်ဘာကိုယ်လည်း အားကိုး ကြရမယ်ပေါ့။ ကိုယ့်ကိုယ်ကို ရပ်နိုင်ဖို့လည်း ကြိုးစားရမယ်။ နောက်ပြီးတော့ အခု သူတို့မှာ ရှိတဲ့  အလုပ်လက်မဲ့တွေရှိနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ အလုပ်တွေပေးဖို့အတွက်ကို ပြည်နယ်အစိုးရ အနေနဲ့ ကြိုးစားပေးဖို့ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

အဲဒီကနေ အပြန်မှာတော့ မြစ်ကြီးနားမြို့ပေါ်က ပရဟိတဘုန်းကြီးကျောင်းမှာရှိတဲ့  မိဘမဲ့ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မြစ်ကြီးနားမြို့က အိုင်ဒီပီစခန်းကို သွားရောက်ပြီးရင်းတော့ ကချင်ပြည်နယ်ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဦးကျော်ဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013