DVB Logo
Home
မြန်မာသတင်း
မိုင်းယောင်းရွာသား ၂ ဦးကို နယ်ခြားစောင့်တပ် ဖမ်းဆီး
DVB
·
March 28, 2017
မိုင်းယောင်းရွာသား ၂ ဦးကို  နယ်ခြားစောင့်တပ် ဖမ်းဆီး
Donate to DVB

 

ရှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စုထဲမှာ နယ်ခြားစောင့်တပ်က ရွာသား ၂ ဦးကို ဖမ်းဆီးပြီးတဲ့နောက်  သိန်း ၂၀ ကျော်တန်ဖိုးရှိ ငွေနဲ့ လက်ဝတ်လက်စားတွေပါ ပျောက်ဆုံးသွားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မတ် ၂၇ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အမှတ်-၁၀၀၈  နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဝမ်တပ်အုပ်စု၊ ဝမ်ထင်ကျေးရွာနေ လုံးနန်အွန် (၅၄ နှစ်) နဲ့ ဟိုယန်ရွာနေ စိုင်းနွဲ့ဆန်ရှဲန် (၄၈ နှစ်)တို့ကို  အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်  အဖွဲ့အတွက် ဆက်ကြေးကောက်ပေးတဲ့သူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်အဖွဲ့ပြောခွင့်ရ စိုင်းဟော်ရှဲန်ပြောပါတယ်။

“နယ်ခြားစောင့်တပ်က မတ်လ ၁၂ ရက်နေ့ည ၈ နာရီလောက်က လုံးနန်အွန်ကို သူ့အိမ်မှာ သွားရှာတယ်။ သူက အိမ်မှာမရှိတော့ တံခါးကိုဖျက်ပြီး တအိမ်လုံး မွှေနှောက်ရှာဖွေသွားတယ်။ မတ်လ ၁၃ ရက် မနက်မှာ လုံးနန်အွန်ကို ဝမ်ပန်ရွာဘုန်းကြီးကျောင်းမှာ သွားတွေ့ပြီး အစိုးရတပ် ၃၃၅ ကို ခေါ်သွားတယ်၊ အဲဒီမှာ ၃ ည ဖမ်းထားပြီးနောက် မတ်လ ၁၆ ရက်  ဟိုယန်ရွာ စိုင်းနွဲ့ဆန်ရှဲန်ကို သွားဖမ်းတော့ အတူလိုက်သွားရတယ်။ သူတို့ကို ရှမ်းတပ်အကြောင်း စစ်မေးပြီး ဆက်သွယ်တဲ့ အထောက်အထားတွေ ရှာတယ်၊ အထောက်အထားမတွေ့တဲ့အပြင် ရပ်မိရပ်ဖဆွေမျိုးတွေက သွားပြီး အာမခံပေးလို့ ၁၈ ရက်နေ့မှာ ၂ ယောက်လုံး ပြန်လွတ်လာပါပြီ။ ဒါပေမယ့် လုံးနန်အွန် အိမ်ပြန် ရောက်တော့ တအိမ်လုံးပွနေပြီး  ပိုက်ဆံနဲ့  ရွှေဆွဲကြိုး ၂ ကုံး ၊ ငွေခါးပတ်ပါပျောက်သွားတယ်လို့ ပြောတယ်။ စုစုပေါင်း ကျပ်သိန်း ၂၀ တန်ဖိုးရှိတယ်တဲ့။ သူက အဲဒီပစ္စည်းတွေ ပြန်လိုချင်တယ်ပေါ့။ ”

အာရ်စီအက်စ်အက်စ်ဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့်မှာရော တနိုင်ငံလုံးအဆင့် အပစ်ခတ်ရပ်စာချုပ် အန်စီအေပါ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မတရားအသင်းအဖြစ်က ဖျက်သိမ်းပေးခဲ့ပြီး  ဖြစ်တာကြောင့် ရွာသားတွေကို ဒီအဖွဲ့နဲ့ ဆက်သွယ်လို့ ဖမ်းဆီးတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ သူက ဆက်ပြောပါတယ်။

နယ်ခြားစောင့်တပ်က ရွာသားတွေကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းချင်တဲ့သူတွေ ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေ အကြောက်တရားနဲ့ နေနေရပြီး လုံခြုံမှုကင်းမဲ့နေတယ်လို့ စိုင်းဟော်ရှဲန်က ပြောပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013