DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ချင်းရိုင်းတွင် မြန်မာအလုပ်သမား ၁ ဦး ဆယ်ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
March 28, 2017
ထိုင်းနိုင်ငံ ချင်းရိုင်းတွင် မြန်မာအလုပ်သမား ၁ ဦး ဆယ်ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး
1 / 4
Donate to DVB

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့မှာ မနေ့ညက  မြန်မာအလုပ်သမားတဦး ဆောက်လက်စ ဆယ်ထပ်တိုက်ပေါ်မှာ အလုပ်လုပ်နေစဉ် အောက်ကို ပြုတ်ကျသေဆုံးသွားတယ်လို့ မန်ေနဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

မတ် ၂၇ ရက် ည ၁၀ နာရီခွဲလောက်က လေယာဉ်ကွင်းလမ်းပေါ်ရှိ  ချင်းရိုင်းဆေးရုံကြီးရဲ့ တိုးချဲ့အဆောင်သစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမားတယောက် ပြုတ်ကျသေ ဆုံးကြောင်း သတင်းရရှိပြီး  တာဝန်ရှိ သူတွေနဲ့ သွားရောက်စစ်ဆေးရာမှာ ၁၄ ထပ်ရှိဆေးရုံကြီးရဲ့ အောက်ဆုံးထပ်မှာ ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတဲ့ လူရွယ်တယောက်ကို တွေ့ရတယ်လို့  ချင်းရိုင်း မြို့မရဲစခန်း တာဝန်ကျရဲကပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၀ နှစ်ရွယ်  ကိုဘကျော်ဆိုသူ  မြန်မာရွှေ့ပြောင်း အလုပ်သမားဖြစ်ပြီး လက်ထဲမှာတော့ တဖက်က လက်နှိပ်ဓာတ်မီး၊ တဖက်က ကျောက်ပြားဖြတ်တဲ့ ဓားပါ  ကိုင်လျက်အနေအထားနဲ့ ခြေတောက်နဲ့ လက်တွေ ကျိုးသွားသလို အရိုးတွေ ခန္ဓာပြင်ပကို ငေါထွက် လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လုပ်ဖော်ကိုင်ဘက်တွေ ပြောပြချက်အရ ကိုဘကျော်ဟာ ဆောက်လက်စတိုက်ရဲ့ ဆယ်ထပ်မြောက် ဓာတ်လှေခါးနံရံမှာ ကျောက်ပြားစီတဲ့အလုပ်ကို လုပ်နေကြောင်း၊ သူဟာ အရက်သေစာသောက်စား တတ်သူမဟုတ်ကြောင်း၊ အဲဒီနေ့က တနေကုန် အလုပ်လုပ်ခဲ့ပေမယ့် သင်္ကြန်ရက် အိမ်ပြန်ဖို့ ငွေစုနေတာမို့  အနားမယူသေးဘဲ ညဆိုင်း အချိန်ပို ဆက်ဆင်းတဲ့အတွက် ပင်ပန်းနွမ်းနယ်လွန်ပြီး ငြမ်းစင်ပေါ်ကနေ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေကတော့ သူသေဆုံးရပုံအသေးစိပ်အချက်အလက်တွေ စစ်ဆေးသွားမှာဖြစ်ပြီး သက်ဆိုင်ရာ မိသားစုလက်ထဲ အလောင်းအပ်ဖို့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ရေးပါတယ်။

ဓာတ်ပုံ -  manager.co.th

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013