DVB Logo
Home
မြန်မာသတင်း
ဘယ်လ်ဂျီယံ အထူးကုဆရာဝန်ကြီးများက မျက်စိ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ၁၆၇ ဦးကို အခမဲ့ခွဲစိတ်ကုသ
DVB
·
March 28, 2017
Donate to DVB

ကရင်ပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို သီတဂူဆရာတော်ကြီး ဦးဆောင်လမ်းညွှန်မှုနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှ မျက်စိ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုဆရာဝန်ကြီးတွေက ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဝေဒနာရှင် ၁၆၇ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနေပါတယ်။

သီတဂူဆရာတော်ကြီး ဦးဆောင်လမ်းညွှန်မှု၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကုဆရာဝန်ကြီး ၁၉ ဦးက အခမဲ့ ခွဲစိတ်ကုသပေးနေတာလို့ သိရပါတယ်။

“တချို့လူနာတွေ လုပ်တော့ လုပ်ချင်တယ်။ အကြောင်းကြောင်းကြောင့် မသွားရဲ မလာရဲဘူး။ တချို့ ဝေးလံတဲ့နေရာတွေက သတင်းအချက်အလက် သိပြီးတော့ ရောက်လာကြတယ်။ အဲဒီလိုမျိုး ဖြစ်လာတဲ့အတွက် အရမ်းကောင်းတယ်။ အကျိုးကျေးဇူးလည်း ရှိပါတယ်”လို့ ဘားအံ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။

“နှုတ်ခမ်းကွဲတာက မွေးရာပါ ပါ။ ၅ နှစ်သားကတည်းက မိဘတွေက ကုသပေးဖူးတယ်။ နောက်ပိုင်း အခက်အခဲတွေကြောင့် မကုသနိုင်ခဲ့ဘူး။ ဒီအသက်အရွယ်ကျမှ အခမဲ့ ခွဲစိတ်ကုသမှု ခံယူဖြစ်တာပါ။ ဆရာတော်ကြီးကို အရမ်းကျေဇူးတင်ပါတယ်။ သက်တော် ရာကျော်ရှည်ပါစေ”လို့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်က မွေးရာပါနှုတ်ခမ်းကွဲ ဝေဒနာရှင်ဖြစ်သူ ဦးထွန်းမြင့်လှိုင်က  ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကုဆရာဝန်ကြီးတွေဟာ မတ် ၂၇ ရက်မှာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လူနာ ၂၃ ဦး၊ မျက်စိဝေဒနာရှင်တွေကိုပါ ခွဲစိတ်ကုသမှုပေးလျက်ရှိတယ်လို့ သိရပါတယ်။

လှိုင်းဘွဲ့မြို့ ပြည်သူ့ဆေးရုံကြီးမှာ မျက်စိ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၁၄၄ ဦးကို မတ် ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ အောင်မြင်စွာ ခွဲစိတ်ကုသမှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့ထိ ခွဲစိတ်ကုသမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013