DVB Logo
Home
မြန်မာသတင်း
ကားလမ်းများ ပိတ်ထား၍ ဖားကန့်တွင် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်
DVB
·
January 10, 2012
ကားလမ်းများ ပိတ်ထား၍ ဖားကန့်တွင် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်
Donate to DVB

ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တချို့နေရာကို သွားလာမှု ပိတ်ထားလိုက်တဲ့အတွက် ဖားကန့်မြို့နယ်အတွင်းမှာ အခြေခံစားသောက် ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကို သွားတဲ့ လမ်းတွေကို တံတားညီနောင် တံတားကစပြီး အသွားအလာ ပိတ်ပစ်လိုက်တာကြောင့် ဆန်ဈေးနဲ့ စားသောက်ကုန်ဈေးတွေ အဆမတန် မြင့်တက်ခဲ့တယ်လို့ ဖားကန့်မြို့နယ် အနီးနား ကျေးရွာ ဒေသခံတွေက ဆိုပါတယ်။

အစိုးရတပ်တွေ တက်လာမှာကို ဟန့်တားတဲ့ အနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)က ပိတ်တာလို့လည်း ပြောပါတယ်။

ပြည်မဘက်မှာမှာ တအိတ်ကို ကျပ် ၃၀,၀၀၀ လောက် ရှိတဲ့ ပေါ်ဆန်းမွှေးဆန်ဟာ အဲဒီဒေသမှာ ကျပ် ၈၀,၀၀၀ နားထိ ထိုးတက်လာနေတယ်လို့ ဖားကန့်ဒေသခံက ပြောပါတယ်။

“တပ် တက်လာတယ် ဘာညာဆိုတော့ ကားလမ်းက ကေအိုင်အေ ဘက်ကနေ ပိတ်ထားတာ။ ပြောရင်တော့ ကေအိုင်အေ ပိတ်ထားတာပေါ့။ မိုးကောင်း ဖားကန့်ကို ပိတ်ထားတယ်၊ ဆန်ဈေးကတော့ဗျာ ဖားကန့်မြို့ပေါ်တင် အခု ကျပ် ၅၀,၀၀၀ လောက်ရှိသွားပြီ မှော်ထဲဆိုရင် ကျပ် ၇၀,၀၀၀ တို့ ၈၀,၀၀၀ တို့ ဖြစ်သွားပြီ။”

မှော်တွေထဲမှာတော့ ခုနှစ်သောင်းအထိ ဈေးမြင့်တက်ခဲ့တဲ့ အတွက် ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဖားကန့်အနီး ရွာတရွာက ဒေသခံတဦးက ဆိုပါတယ်။

“ဒေသခံတွေက တော်တော်လေး ဒုက္ခရောက်နေတာပေါ့။ ကားပေါ်က အကုန်လုံး ပြန်ဆင်းခိုင်းဆိုတော့လေ၊ တံတားညီနောင်ပေါ့နော် အဲဒီကနေ အကုန်လုံး လုံးဝ မ၀င်ရတော့ဘူးဗျ။”

ကချင်ပြည်နယ် ဒေသခံတွေ အများစုကတော့ ချင်တုံ၊ ၇၀၀ ဘူ၊ ခတ်ချိုဆန် စတဲ့ ဒေသထွက် ဆန်အမျိုးအစားတွေကို အများဆုံး စားသောက်ကြတယ်လို့ ဆိုပါတယ်။

အရင်က တပိသာကို ကျပ် ၁၀၀၀ ကျော်လောက် ရှိတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီက ကျပ် ၂၀၀၀ အထိ၊ အရင်က ကျပ် ၂၈,၀၀၀ ဈေးပေါက်တဲ့ ပုဇွန်ဆီက ကျပ် ၃၀,၀၀၀။ ကျပ် ၄၂,၀၀၀ ထောင်လောက်ပေါက်တဲ့ ပုဇွန်ဆီအကောင်းစား ကတော့ ကျပ် ၄၄,၀၀၀ ထိ ဈေးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကြီးမြင့်တာနဲ့ အတူ တချို့ဆိုင်တွေမှာ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ သူက ဆိုပါတယ်။

“အခု လောလောဆယ်မှာတော့ ကျပ် ၅၀,၀၀၀ ရှိတယ်၊ ဒါပေမယ့် ၀ယ်စားရမယ့် နေရာက မရှိဘူး။ ဆန်က ကုန်သွားပြီ။ ကောက်ဟောင်းကတော့ သူက ကျပ် ၂၀,၀၀၀ ကျော် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ ဖြစ်သွားတာ။  ကျပ် ၅၀,၀၀၀ တောင်မှ ရှာဝယ်လို့ မရဘူးပေါ့။”

ဖားကန့်လမ်း ပိတ်ထားတဲ့အတွက် ကုန်စိမ်းတွေ သယ်ဆောင်လို့မရဖြစ်ပြီး  မိုးညှင်းမှာတော့ ကုန်စိမ်းတွေပုံပြီး လျှော့ဈေးနဲ့ ထိုးရောင်းနေရလို့ ဈေးကျနေပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုတွေ ဖြစ်နေပြီး စစ်ပွဲတွေကြောင့် ကချင် စစ်ပြေးဒုက္ခသည် လေးသောင်းကျော်လောက် ထွက်ပြေး ပုန်းအောင်း နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကားလမ်းများ ပိတ်ထား၍ ဖားကန့်တွင် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်