DVB Logo
Home
မြန်မာသတင်း
ကျောက်​မဲတွင်​ ကိုယ်​ထူကိုယ်​ထ လမ်းဖွင့်ပွဲ ပြုလုပ်
DVB
·
March 27, 2017
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ၇ မိုင်ကွာဝေးသော ကြူရှောရွာမှ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ့်ကိုးစနစ်ဖြင့် လမ်းဖွင့်ပွဲကို မမတ်လ ၂၆ ရက်နေ့က စည်ကားစွာ ကျင်းပခဲ့ပါတယ်။

“အရင်တုန်းက ဒီလမ်းသွားရင် ၂ နာရီလောက် ကြာတယ်။ လုပ်ငန်းလုပ်ရတာလည်း အဆင်မပြေဘူး။ မြို့နဲ့တော့ နီးနီးလေးပဲ လမ်းကဆိုးလွန်းလို့ အားလုံး ဒုက္ခရောက်ရတယ်။ အခုတော့ အလှူရှင်တွေ ပေါ်လာတယ်။ ပြီးတော့ ရွာသူရွာသားတွေလည်း စည်းစည်းလုံးလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ပြီးတော့ အခုလမ်းကောင်းသွားလို့ အရမ်းဝမ်းသာလို့ မျက်ရည်တောင်ကျတယ်။ အစိုးရ ဆိုတာတော့ မသိဘူး။ ကိုယ့်အားကိုယ်ကိုးရင်တော့ အလုပ်လုပ်တာ မြန်တာပေါ့” လို့ ဒေသခံဖြစ်သူ ဦးကျော်ရင်က ပြောပါတယ်။

ကြူရှောရွာသည် လက်ဖက်လုပ်ငန်းကို အဓိကလုပ်ဆောင်ပြီး ကျောက်မဲမြို့နဲ့ ၇ မိုင်သာ ဝေးပေမယ့် လမ်းခရီးဆိုးဝါးလွန်းတဲ့အတွက် စီးပွားရေလုပ်ရာမှာ ဒုက္ခရောက်ရကြောင်း သိရပါတယ်။

“ကျနော်တို့ အထက်ကို တင်ပြတယ်။ ကိုယ်က တအာင်းဆိုတော့ တအာင်းပါတီကို လမ်းတောင်းတယ်။ မကျသေးဘူး။ ရှမ်းတွေကတော့ သူတို့ ပါတီဝင်တွေလုပ်ပေးလို့ သူတို့ ရှမ်းရွာအထိတော့ လမ်းကောင်းတယ်။ ကျနော်တို့ ရွေးကောက်ပွဲတုန်းကလည်း မဲပေးကြတာပဲ။ ခုလည်း အဲဒါတွေ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး” လို့ ကြူရှော ဥက္ကဋ္ဌ ကွန်အလူက ပြောပါတယ်။

အဆိုပါလမ်းအတွက် ရန်ကုန်မှ ဒေါ်သီတာအုန်းမှ အလှူငွေ သိန်း ၁၆၀ မတည်ပြီး ကျေးရွာလမ်းကို ပြန်လည်ပြုပြင်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013