မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲ တစ်တန်ကို ငွေကျပ် ၁၁၃၃၀၀၀ ဈေးရှိပြီးတော့ ပြီးခဲ့တဲ့ သောကြာနေ့ဈေးနဲ့ယှဉ်ရင် ကျပ် ၁၀၀၀ ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာပဲ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၇၈၂၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ဈေးနဲ့ယှဉ်ရင် ကျပ် ၂၆၀၀ ဈေးတက်သွားတယ်။
ကြက်သွန်နီ
တစ်ဆက်တည်းမှာပဲ ကြက်သွန်နီ တစ်ပိဿကို ကျပ် ၅၀၀ မှ ၁၂၇၅ ကြား ပေါက်ဈေးရှိနေပြီးတော့ ပြီးခဲ့တဲ့ သောကြာနေ့ဈေးနဲ့ယှဉ်ရင် ကျပ်၅၀ ဈေးတက်သွားပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ တစ်ပိဿကို ငွေကျပ် ၁၇၀၀ ကနေ ၃၀၀၀ ကြားရှိနေပြီး ကျပ် ၂၀၀ ဈေးကျသွားပါတယ်။
နှမ်းနက်
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်တစ်အိတ်ကို ငွေကျပ် ၉၀၀၀၀ မှ ၉၅၀၀၀ ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ပြယှဉ်ရင် ကျပ် ၅၀၀၀ ဈေးကျသွားပါတယ်။
နှမ်းဖြူ
နှမ်းဖြူတစ်အိတ်ကို ကျပ် ၉၅၀၀၀ မှ ၁၀၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး ကျပ် ၂၀၀၀ ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ပြယှဉ်ရင် ဈေးတက်သွား ပါတယ်။
ပန်းနှမ်း
ပန်းနှမ်း တစ်အိတ်ကို ကျပ် ၇၂၅၀၀ မှ ၇၃၀၀၀ ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ပြယှဉ်ရင် ကျပ် ၁၅၀၀ ဈေးကျသွားပါတယ်။
စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာပဲ စားအုန်းဆီ တစ်ပိဿကို ကျပ် ၁၈၈၀ ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ပြယှဉ်ရင် ကျပ် ၅၀ ဈေးကျသွားပါတယ်။
အခုဖော်ပြသွားတဲ့ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။
သတင်း - AMIA











