DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် မဲစာရင်းလက်မှတ်များ လာထုတ်မည့်သူ မရှိ
DVB
·
March 27, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်း သက်သေခံလက်မှတ်တွေကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေအနေနဲ့ လာရောက်ထုတ်ယူမှုတွေ မရှိဘူးလို့ ကော်မရှင်က ပြောပါတယ်။

မဲပေးရာမှာ အခက်အခဲမရှိစေဖို့ မဲစလစ် ခေါ် မဲစာရင်း သက်သေခံကတ်ပြားတွေကို ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လာရောက်ထုတ်ယူဖို့ ကြေညာထားပေမယ့်လည်း ခုချိန်ထိ လာရောက်ထုတ်ယူမှုတွေ မရှိကြဘူးလို့ ရပ်ကျေးကော်မရှင်အဖွဲ့က ပြောပါတယ်။

“ပထမအကြိမ်တုန်းက ပွင့်လင်းမြင်သာမှုရှိအောင် ဒီသက်သေခံလက်မှတ်တွေ တကယ် အမှန်အကန်မရောက်ဘဲ ဖြစ်မှာစိုးတာကြောင့်တို့ ကော်မရှင်က ရေးတယ်။ ရေးပြီးတော့ ကိုယ်တိုင် လာထုတ်ပါ။ ဒါမှမဟုတ် ကိုယ်စားလှယ်တဦးနဲ့ လာထုတ်ပါလို့ လုပ်ထားလိုက်တယ်။ အဲဒီလို လုပ်ထားလိုက်တော့ လာထုတ်တာ နည်းနေတယ်။ နည်းနေတော့ ခုကျ ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ သက်ဆိုင်ရာအိမ်တွေကို လိုက်ပေးရင် မြန်ဆန်မယ်ဆိုပြီး ခုအဲဒီစနစ်နဲ့ ပြန်ပြီးတော့ သက်သေခံလက်မှတ်တွေကို အိမ်တိုင်ရာရောက် ခုပို့နေကြပါပြီ” လို့ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စု ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲ တိုင်းဥက္ကဋ္ဌ ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

ညောင်လေးပင်မြို့နယ်ထဲမှာ မဲရုံပေါင်း ၁၅၀ ရှိပြီး မဲပေးပိုင်ခွင့်ဦးရေ ၁၄၃၂၀၀ ရှိတယ်လို့ သိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013