DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းကိုသွားမည်
DVB
·
March 27, 2017
ဒေါ်အောင်ဆန်းစုကြည် ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းကိုသွားမည်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂၈ ရက်နေ့မှာ ကချင်ပြည်နယ်ကို သွားရောက်ဖို့ရှိနေပါတယ်။

ဒီခရီးစဉ်မှာ မြစ်ကြီနားက ကချင်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဒီနောက်မှာတော့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို သွားရောက်ဖို့ရှိတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

“ကျနော်တို့က palm spring ဟိုတယ်မှာ တွေ့ဖို့ လုပ်ထားပါတယ်။ ကျနော်တို့ အခုလောလော ဆယ် သိရသလောက်တော့ ကျနော်တို့ဆီမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေရယ်၊ ကချင်လူထု ခေါင်းဆောင်တွေရယ် သူလာပြီးတွေ့ဆုံဖို့ရှိတယ်။ အသေးစိတ်ကို ကျနော်တို့ နက်ဖြန်မှတင်ပြဖို့ ရှိတယ်။ ကျနော်တို့ကတော့ ၈ နာရီ အဆင်သင့်ပေါ့နော်။ နောက် အိုင်ဒီပီစခန်းလည်း သူသွား မယ်လေ။ ၀ိုင်းမော်မှာရှိတဲ့ ကေဘီစီအိုင်ဒီပီကို သွားမယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသလို ကချင်ပြည်နယ်အစိုးရဘက်ကို မေးမြန်းကြည့်ရာ မှာလည်း ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

မြစ်ကြီးနားမြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်ကတော့ ဒေါ်အောင်ဆန်းစုကြည် နက်ဖြန် ကချင်ပြည်နယ်ကို လာမယ်ဆိုတာကို အတည်ပြုပေမယ့် အသေးစိတ်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013