DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လေ့ကျင့်
DVB
·
March 27, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင်းကရှိတဲ့ ဈေးတွေ၊ လူနေရပ်ကွက်တွေမှာ မီးဘေးကြိုတင်ကာကွယ်ရေးအနေနဲ့ ဒေသတွင်းမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ အုပ်ချုပ်ရေးပိုင် စည်ပင် စတဲ့တာဝန်ရှိသူတွေ ပူပေါင်းပြီး ကြိုတင်ကာကွယ်လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

"ပထမဆုံးအနေနဲ့ ဈေးတွေအတွင်းက မီးလောင်းလွယ်တာတွေကို စနစ်တကျရှိစေဖို့အတွက် စစ်ဆေးလုပ်ဆောင်တာတွေ၊ ဒေသအရန်မီးသတ်တပ်ဖွဲ့နဲ့ပူးပေါင်းပြီ မီးဘေးကြိုတင်ကာကွယ်ဖို့ ရပ်ကွက်အုပ်စုတွေ ဆင်းပြီး အသိပညာပေး ဟောပြောတာကို လုပ်ဆောင်တာနဲ့ လက်တွေ့ မီးသတ်ကား ရေကန်တွေက ရေဖျန်းပက်တာတွေကို ပုံမှန်အပတ်စဉ်တွေမှာ လုပ်ဆောင်နေကြတာပါ"လို့ ထူးကြီး မြို့အုပ်ချုပ်ရေးမှူး ဒုဦးစီး ဦးမင်းမင်းခိုင်က ဒီဗွီဘီကို ပြောပါတယ်။

မြို့တွင်း ရပ်ကွက်တွင်းက ဓာတ်ဆီဆိုင်တွေကိုလည်း ပြင်ပမှာ ရောင်းချဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

ထူးကြီးမြို့မှာက မကြာခဏ မီးလောင်မှု ဖြစ်ပွားတတ်လို့ ဦးစားပေး ဆောင်ရွက်နေတာဖြစ်ကြောင်းလည်း သိရပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013