DVB Logo
Home
မြန်မာသတင်း
ပြည်ခရိုင် နိုင်ငံရေးအင်အားစုများ လက်ပံတောင်းစီမံကိန်း ရပ်တန့်ရန် ကန့်ကွက်ဆန္ဒပြ
DVB
·
March 27, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်က နိုင်ငံရေးအင်အားစုတွေက လက်ပံတောင်းစီမံကိန်း ရပ်တန့်ပေးဖို့ အတွက် မနေ့က ကန့်ကွက်ဆန္ဒပြကြပါတယ်။

မတ်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီလောက်က ပဲခူးတိုင်း ပြည်မြို့ ဗိုလ်ချုပ်လမ်း မြင်းစီးကျောက်ရုပ်ရှေ့မှာ ပြည်ခရိုင် နိုင်ငံရေးအင်အားစုတွေ လူ ၃၀ လောက်စုပြီး ကန့်ကွက်ဆန္ဒပြတာပါ။

“ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်တွေကလည်း ပုသိမ်-မုံရွာ လမ်းပေါ်မှာ ကျောက်ကားတွေကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပြစ်ပြီးဖြေရှင်းတာကို လုံးဝလက်မခံနိုင်ဘူး ကိုယ်ရွေးချယ်ထားတဲ့ အစိုးရက ကိုယ်တွေကို အခုလို လုပ်တာကိုလုံးဝလက်မခံနိုင်ဘူး”လို့ လက်တွဲကူမယ် ပြည်လူငယ် အဖွဲ့က ကိုမျိုးသူထွဋ်က ပြောပါတယ်။

“အရင်စစ်အစိုးရ ဇာတ်ရှုပ်သွားတဲ့ကိစ္စကို အခုအစိုးရက မရှင်းနိုင်တာက အခုထိ ဘာမှ မပြောင်းလဲသေးဘူးလို့ ဆိုရမှာပဲ။ ပြည်သူတင်တဲ့အစိုးရဖြစ်ပြီး ပြည်သူကို သေနတ်နဲ့ပစ်ပြီး အရေးယူမပေးဘူး ဆိုရင် နောက် ၅ နှစ်ကို မစဉ်းစားနဲ့လို့ ဒီနေရာကနေ ကျနော် ပြောချင်ပါတယ်”လို့ အခြေခံပညာသမဂ္ဂက ကိုဆောင်းဦးသွင်က ပြောပါတယ်။

အဲဒီ ကန့်ကွက်ဆန္ဒပြပွဲက 'ဦးပိုင်ဝန်ပေါင် အလိုမရှိ'၊ 'အကြမ်းဖက်မှုများ ချက်ချင်းရပ်'၊ 'လက်ပံတောင်းတောင် စီမံကိန်းဖျက်သိမ်းပေး' ဆိုတဲ့ ဗီနိုင်းတွေနဲ့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ကိုလာပြီး ဟောပြော ကန့်ကွက်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013