
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က သူတို့တပ်ဖွဲ့တွေဟာ အီရန်နိုင်ငံအပေါ် နောက်ထပ် တကျော့ပြန် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့တယ်လို့ ဇူလိုင် ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်ကမ်းရိုးတန်းတလျှောက်ရှိ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေး အဆောက်အအုံတွေ၊ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေ၊ ရေတပ် အဆောက်အအုံတွေနဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အခြေခံအဆောက်အအုံတွေ အပါအဝင် အီရန် စစ်ဘက်ဆိုင်ရာပစ်မှတ် စုစုပေါင်း ၉၀ နီးပါးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CENTCOM က ဆိုပါတယ်။
CENTCOM ဟာ ဗုဒ္ဓဟူးနေ့မှာ ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့တုန်းကလည်း အီရန်အပေါ် တိုက်ခိုက်မှု အသစ်တရပ် ပြုလုပ်ခဲ့ပြီး ပစ်မှတ်ပေါင်း ၈၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။










