DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် အမည်မည်းစာရင်းဝင် လူပုဂ္ဂိုလ် ၆၀၀ ကျော် ပယ်ဖျက်ပေး
DVB
·
March 27, 2017
အစိုးရသစ်လက်ထက် အမည်မည်းစာရင်းဝင် လူပုဂ္ဂိုလ် ၆၀၀ ကျော် ပယ်ဖျက်ပေး
Donate to DVB

အစိုးရသစ်လက်ထက်မှာ ဘလက်လစ် အမည်မည်း စာရင်းဝင်သူ လူပုဂ္ဂိုလ် ၆၀၀ ကျော်ကို စာရင်းက ပယ်ဖျက်ပေးခဲ့ပြီး ကျန်ရှိနေသူတွေကိုလည်း ဆက်လက်ပယ်ဖျက်ပေးဖို့ လုပ်ဆောင်နေပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာများမှာဖော်ပြထားတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တနှစ်တာ လုပ်ဆောင်ချက်များမှာ အခုလို ဖော်ပြခဲ့တာဖြစ်ပြီး အမည်မည်းစာရင်းဝင်နေသူတွေကို ပယ်ဖျက်ပေးဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

“အစိုးရသစ်၏ ရက် ၁ဝဝ သစ္စာစီမံချက်ကာလအတွင်း မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်းလူပုဂ္ဂိုလ် ၆၁၉ ဦးကို အမည်မည်းစာရင်းမှ စိစစ်ဖြေလျှော့ပေးခဲ့ သဖြင့် အမည်မည်း စာရင်းတွင် ပါဝင်နေသူ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ လွယ်ကူချောမွေ့စွာ ပြည်ဝင်/ ပြည်ထွက် ပြုနိုင်ပြီဖြစ်သည်။ ကျန်ရှိသည့် (Blacklist) စာရင်းများမှ အမည်မည်းစာရင်း ရေးသွင်းထားသည့် အကြောင်းရင်းပေါ်မူတည်ပြီး အမည်မည်းစာရင်းမှပယ်ဖျက်ရေး စိစစ်ဆောင်ရွက် သွားမည်ဖြစ်။”

အမည်မည်းစာရင်းဝင်နေသူ လူပုဂ္ဂိုလ် ဘယ်ရွေ့ဘယ်မျှ ကျန်ရှိနေသေးတယ် ဆိုတာကိုတော့ သတင်းမှာ ဖြော်ပထားခြင်း မရှိပါဘူး။

နိုင်ငံတကာ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ Interpol အဖွဲ့က အကြောင်းကြားချက်အရ ရေးသွင်းထားတဲ့ နိုင်ငံခြားသားများ၊ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနများရဲ့ ညှိနှိုင်းချက်၊ တည်ဆဲဥပဒေများ၊ ရာဇဝတ်မှုကျူးလွန်ခြင်းတို့ကြောင့် ရေးသွင်းထားတဲ့ နိုင်ငံခြားသားများ၊ ဝန်ကြီးဌာနအသီးသီးက သူတို့ရဲ့ ဝန်ထမ်းများ တာဝန်ပျက်ကွက်မှု၊ စည်းကမ်းဖောက်ဖျက်မှု၊ ငွေကြေးကိစ္စရပ်တို့ကြောင့် အရေးယူပြီး ပြည်ပ ထွက်ခွာမှုတားမြစ်ပေးရန် ညှိနှိုင်းချက်တို့အရ ရေးသွင်းထားသူများဟာ အမည်မည်းစာရင်း ၀င်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အမည်မည်းစာရင်းဝင်သူ လူပုဂ္ဂိုလ် ၆၀၀၀ ကျော်အနက် ၂၀၀၀ ကျော်ကို ပယ်ဖျက်ပေးခဲ့ပြီး အမည်မည်းစာရင်းဝင် ဆရာဝန် ၁၀၀၀ ကျော်ကိုလည်း အမည်မည်းစာရင်းက ပယ်ဖျက်ပေးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013