DVB Logo
Home
မြန်မာသတင်း

မသန်စွမ်းကလေးများ အခက်အခဲ လျော့ကျဖို့ ပျော်ရွှင်မှုပေးနေသည့် ခွေးကလေး (ရုပ်သံ)

DVB
·
March 27, 2017
မသန်စွမ်းကလေးများ အခက်အခဲ လျော့ကျဖို့ ပျော်ရွှင်မှုပေးနေသည့် ခွေးကလေး (ရုပ်သံ)
Donate to DVB

ဘာရွန်ဟာ သြစတြေးလျနိုင်ငံမှ အကြီးဆုံးခွေးတကောင်ဖြစ်ပြီး သူ့ရဲ့ အရွယ်အစားကတော့ ဆင်ပေါက်ကလေးတကောင်ရဲ့ အရွယ်အစားလောက်ရှိနေတာပါ။
English Mastiff အမျိုးအစားခွေးကလေး ဘာရွန်ဟာ ကိုယ်အလေးချိန် ၁၁၃ ကီ လိုဂရမ်ရှိပြီး လက်ရှိမှာတော့ တကယ့်ကို ဆေးကုထုံးပညာရှင်ခွေးကလေးတကောင်လို့ ဖြစ်နေခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူ့ရဲ့ တနေ့တာကို ကလေးငယ်တွေနားမှာ အချိန်ကုန်ဆုံးစေတာဖြစ်ပြီး သူတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေထိုင်နိုင်စေဖိုနဲ့ အပြုအမူဆိုင်ရာ အခက်အခဲ ပြ နာတွေကို လျော့ကျစေဖို့ ပျော်ရွှင်မှုပေးနေတာမျိုးပါပဲ။
ဆစ်ဒနီမြို့မှ အဲဒီကလေးငယ်တွေ တက်ရောက်နေတဲ့ ကျောင်းကတော့ မသန်စွမ်း ကလေးငယ်တွေနဲ့ ပုံမှန်အခွင့်အရေးမရရှိကြတဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ထား တာဖြစ်ပြီး ခွေးကလေးဘာရွန်ကတော့ သူ့ရဲ့ ချစ်ခင်စရာကောင်းတဲ့ အပြုအမူတွေနဲ့ ကူညီနေတာဖြစ်ပါတယ်။
ပိုင်ရှင်ဖြစ်သူ မာ့ခ်ကတော့ ဘာရွန်ဟာ တဖြည်းဖြည်းကြီးထွားလာနေခဲ့ပြီး တနေ့ကို ပေါင် ၂၀၀ ဖိုး အစားအစာတွေကို စားနေတာဖြစ်တယ်လို့ ပြောပါတယ်။
“ဘာရွန်ဟာ အများကြီးစားတာပဲ။ အသားတွေ၊ ဘီစကစ်တွေ၊ နေ့လယ်ကျရင်လည်း အသား၊ ဘီစကစ်၊ မုန့်တွေအပြင် ညစာကျတော့ ဗီတာမင်ပါတဲ့ ဆာဒင်းငါး၊ ဥတွေ၊ ဖရုံသီးလို တခြားအသီးအရွက်တွေလည်း စားသေးတယ်။”
လက်ရှိမှာတော့ ခွေးကလေး ဘာရွန်ဟာ ကလေးတွေနဲ့ ပျော်ရွှင်နေပြီး ကလေးတွေကလည်း သူ့ကို ချစ်ခင်နေကြတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013