DVB Logo
Home
မြန်မာသတင်း
အင်္ဂလန်က လစ်သူယေးနီးယားကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံ)
DVB
·
March 27, 2017
အင်္ဂလန်က လစ်သူယေးနီးယားကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံ)
Donate to DVB

မတ် ၂၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်မှာ အင်္ဂလန်က လစ်သူယေးနီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

အင်္ဂလန်က ဒီပွဲမှာ ရွန်နီနဲ့ ကာဟေးတို့ မပါတာကလွဲရင် အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။

ဦးဆောင်ဂိုးကို စတာလင်ရဲ့ ထိုးဖောက်မှုကနေ တိုက်စစ်မှူးဒီဖိုးက သွင်းယူပါတယ်။

အင်္ဂလန်ကပဲ ဝင်ဘလေကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစား သွားနိုင်ခဲ့ပြီး လစ်သူယေးနီးယားက ပထမပိုင်းပြီးကာနီးမှာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အင်္ဂလန် နောက်တန်းက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်က စတာလင်နဲ့ ဒီဖိုးတို့ရဲ့ ထိုးဖောက် ကန်သွင်းချက်တွေကို တဖက် နောက်တန်း ကာကွယ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အတွက် ဒုတိယဂိုးကို လူစားဝင်လာတဲ့ တိုက်စစ်မှူးဗာဒီက သွင်းယူပါတယ်။ ဒီပွဲ နိုင်လို့ အုပ်စု (အက်ဖ်)မှာ အင်္ဂလန်က ၁၃ မှတ်နဲ့ ဦးဆောင်နေပြီး လစ်သူယေးနီးယားက ၅ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013