DVB Logo
Home
မြန်မာသတင်း
ဘတ်ဂျက်မလုံလောက်သဖြင့် ပညာရေးစီမံကိန်းများ နှောင့်နှေးနေကြောင်း ၀န်ကြီးပြော
DVB
·
March 26, 2017
ဘတ်ဂျက်မလုံလောက်သဖြင့် ပညာရေးစီမံကိန်းများ နှောင့်နှေးနေကြောင်း ၀န်ကြီးပြော
Donate to DVB

ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးဆိုင်ရာစီမံကိန်းတွေကို အကောင်အထည် ဖော်လုပ်ဆောင်ရာမှာ မျှော်မှန်းထားသလောက် မလုပ်ဆောင်နိုင်တာဟာ ဘတ်ဂျတ်ငွေလုံလောက်စွာ မရှိတာကြောင့် ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ချူပ်ရုံးမှာ ပြုလုပ်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ပြောဆိုလိုက်တာပါ။

“ကျနော်တို့တတွေရဲ့ နှစ်စဉ်ဘဏ္ဍာရေးနှစ် သို့မဟုတ် စီမံကိန်းအဆိုပြုမှာဆိုရင် ကျနော်တို့ လုပ်ချင်တဲ့၊ လုပ်ရမယ့် စီမံကိန်းတွေကို ကျနောတို့ အဆိုပြုတယ် ဘတ်ဂျက်လုပ်တယ်။ အဲဒီထဲမှာဆိုရင် ကျနော်တို့ကို ၂၀၁၇-၂၀၁၈ အတွက် ရီကော်မန့် ပေးထားတာသည် ၂ ဒသမ ၄ သို့မဟုတ် ၂ ဒသမ ၅ ထရီလီယံ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အဆိုပြုတဲ့ လုပ်ငန်းကနေ ကျနော်တို့ကတော့ ၂ ဒသမ ၄၉ ထရီလီယံပေါ့နော်။ ကျနော်တို့ နောက်နှစ်အတွက် ရမယ့် ဘတ်ဂျက်က ၁ ဒသမ ၇၆ ထရီလီယံ လူကြီးမင်း ဘယ်လိုလုပ်မလဲ။ လူကြီးမင်း အဆိုပြုထားတဲ့ စီမံကိန်းတွေကို လူကြီးမင်း ၂ ဒသမ ၄၉ အဆိုပြုတာကနေ ၁ ဒသမ ၇၅ ပဲ လူကြီးရရင် လူကြီးမင်း ဘာလုပ်ရမလဲ။ လူကြီးမင်း လုပ်မယ့် စီမံကိန်းတွေကို လုပ်လို့ရမလား မရဘူးလား။ ရှင်းနေတာပဲ။ အဲဒီတော့ ကျနော်တို့က စမ်းသပ်တာပဲ စမ်းသပ်လို့ရတယ်။ ကျနော်တို့ ကောင်းမွန်အောင် လုပ်မယ်။ ဒါပေမယ့် ကျနော်တို့ လုပ်ခွင့်မရပါဘူး။”

ပညာရေးစနစ် ကောင်းမွန်ဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ Teaching and Learning ကို နှစ်စဉ် Traning လုပ်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေ တယ်လို့သိရပါတယ်။

ပညာရေးဝန်ကြီးဌာနက ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ဘတ်ဂျတ်ငွေကျပ်ဘီလီယံ ၂၄၀၀ ကျော်ကို တင်ပြတောင်းဆို ထားခဲ့တာပါ။

ဒါပေမယ့် အခုနှစ်အတွက် ဘတ်ဂျတ်ငွေကျပ်ဘီလီယံ ၁၇၆၀ သာရရှိတာဖြစ်ပေမယ့် အရင်နှစ်ကထက်တော့ ဘတ်ဂျတ်ငွေ ၃၈ ဘီလီယံပိုပေးထားတယ်လို့သိရပါတယ်။

“မလောက်နိုင်လို့ အကောင်အထည် မဖော်ဘူးဆိုတာမျိုးကတော့ မဖြစ်ဘူးလေ။ သူလည်းပြော သွားမယ်တယ်။ ကျနော်တို့ လွှတ်တော်ဘက်ခြမ်းကလည်းပဲ နိုင်ငံတော်က ပေးနိုင်တဲ့ ငွေကြေးအတိုင်း အတာနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်ဟာတွေကို ဦးစားပေးအကောင်အထည်ဖော်မလဲ ခွင့်ပြုထားတဲ့ ငွေနဲ့ ကျနော်တို့နိုင်ငံရဲ့ ပညာရေးကို အကောင်အထည်ဖော် နိုင်တာတော့ သူတို့ဝန်ကြီး ဌာနက ရည်မှန်းထားတာကြီးကတော့ အပြည့်အ၀ သူတို့ဖြစ်ချင်တာတော့ ဖြစ်နိုင်မှာ မဟုတ်သေးဘူး ဆိုတာ ကျနော်လက်ခံပါတယ်။ ဒါပေမယ့် အတိုင်းအတာ တခုအထိ အောင်မြင်အောင် လုပ်နိုင်ဖို့တော့ ကျနော့်ဘက်ကကလည်း တွန်းအားပေးမယ်။ သူတို့ဘက်ကလည်း ထပ်ပြီးတော့ ကြိုးစားပေးရမယ်။” လို့ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် အောင်မြင်ဖို့အတွက်ဆိုရင် KG တန်းမှာ တနှစ်ကိုကျောင်းသား ၁ ဘီလီယံ တိုးတက်လာပြီး နှစ်စဉ်ကျောင်းထွက်မှုမရှိဘဲ အခြေခံပညာအဆင့်မှာ သင်ယူနေမယ်ဆိုရင် ပညာရေးစနစ် အောင်မြင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013