DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံကြီးတွင် သင်္ကြန်ကာလအတွင်း ဝန်ထမ်းအင်းအား နှစ်ဆတိုးထားမည်
DVB
·
March 26, 2017
ရန်ကုန်ဆေးရုံကြီးတွင် သင်္ကြန်ကာလအတွင်း ဝန်ထမ်းအင်းအား နှစ်ဆတိုးထားမည်
Donate to DVB

မြန်မာနှစ်သစ်ကူးကာလဖြစ်တဲ့ သင်္ကြန်ကာလအတွင်းမှာ အရေးပေါ် ထိခိုက်ဒဏ်ရာတွေအတွက် ကုသနိုင်အောင်ဝန်ထမ်းအင်အား တိုးမြှင့်ချပေးထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလအတွင်း အရေးပေါ်ဌာနမှာလည်း လိုအပ်တဲ့ ဆေးဝါးတွေ အလွယ်တကူ ၀ယ်ယူနိုင်ဖို့အတွက် ဆေးဝါးအပြည့်အစုံကိုလည်း  ထားရှိပေးထားမှာဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်အေးက ပြောပါတယ်။

“အထူးသဖြင့် ဆရာဝန်၊ ဆရာမ၊ ၀န်ထမ်း တာဝန်ချတာကအစ အရေးပေါ်ဌာနမှာ အစ်မတို့က ပုံမှန်ချနေတဲ့ ၀န်ထမ်းရဲ့ နှစ်ဆပေါ့ ပုံမှန်အားဖြင့် နှစ်ဆနီးပါး နှစ်ဆကျော်တဲ့ဟာလည်း ရှိတယ်။ အဲဒီလိုမျိုး ပုံမှန်ချနေကျ။ နောက်တခုက ဆေးဝါးပစ္စည်းအားဖြင့်လည်း အရေးပေါ်ဌာနမှာ အကုန်လုံး ပြည့်ပြည့်စုံစုံ သင်္ကြန်မှာ အချိန်မရွေး ဆေးဝါးဝယ်ယူရတာ အခက်အခဲရှိတဲ့အတွက်ကြောင့် အပြည့်အစုံ ဖြည့်ထားတယ်။”

ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာကနေ  သက်ဆိုင်ရာဌာကတွေကို လူနာတွေ လွဲပြောင်းကုသပေဖို့အတွက်လည်း လူနာတင်ယာဉ်တွေကို အဆင်သင့်ထားရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ်က အပူချိန်မြင့်မားတာကြောင့်လည်း အပူဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ကုသနိုင်ဖို့အတွက်လည်း အရေးပေါ်ဌာနမှာ သီးသန့်ခန်းတွေ ထားရှိမယ်လို့လည်း ပြောပါတယ်။

“ထူးထူးခြားခြားကတော့ ဒီနှစ်က ရာသီဥတုအနေနဲ့ပေါ့နော်။ နှစ်တိုင်းလည်း ဧပြီဆိုရင်တော့ ပူတာပါပဲ။ ဒါပေမယ့် ဒီနှစ်ကတော့ မိုးလေ၀သကလည်း ကြေညာထားတယ်။ အပူချိန်ပိုမြင့်မယ်လို့ လည်း ပြောထားတဲ့အတွက်ကြောင့် အမတို့က အပူဒဏ်ကြောင့် ဖြစ်လာတဲ့ ရောဂါတွေအတွက် ကုလဖို့တော့ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတယ်။ အထူးသဖြင့် ဟိစထုတ် ပေါ့။ ဟိစထုတ်နဲ့ လာတဲ့ လာမယ့်လူတွေအတွက် ဆိုပြီးတော့ အမတို့က အရေးပေါ်မှာ ဟိစထုတ် ထရီမန့် တခန်းကို အမတို့က နှစ်တိုင်းလည်း ပြင်နေကျပါ။ ဒီနှစ်လည်း ပြင်ထားပါတယ်။ ပြီးတော့ ဟိစထုတ် လာရင် ထရီမန့်လုပ်ဖို့ ရေခဲတို့၊ အ၀တ်တို့၊ ဇလုံတို့ဘာတို့ အဲဒါတွေ အကုန်လုံး အဆင်သင့်လုပ်ထားတာ ရှိတယ်။ ဟိစထုတ် ကတော့ အဓိကကတော့ အေးနေအောင် ထားရင် ရပြီပေါ့နော်။” လို့ ဒေါက်တာ မြင်မြင့်အေးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာတော့ အရေးပေါ်ဌာကကို ရောက်ရှိလာတဲ့ လူနာတွေမှာ ယာဉ်တိုက်မှုကြောင့်ရောက်ရှိလာတဲ့ လူနာဦးရေးက အများဆုံးဖြစ်ပြီး ရောက်ရှိလာတဲ့ လူနာ ၁၄၃ ယောက်မှာ ယာဉ်တိုက်မှုကြောင့်ရောက်ရှိလာသူ   ၃၄ ဦး ရှိခဲ့ပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013